Chapter 35
အလိုလိုက်အကြိုက်ဆောင်ပေးတဲ့ ဘောစိကြီးမူရွှမ် ထိုကြော်ငြာများကြောင့် စိတ်မပျော်တော့ပေ။ သူမျက်နှာ အမူအယာက အေးစက်နေဆဲဖြစ်သော်ငြားလည်း ယောင်စစ် သူ့ပတ်ပတ်လည်မှ ဖိနှိပ်လိုသော အော်ရာများကို ခံစား၍ရနေလေသည်။
သူ နှစ်တစ်ရာကျော် ဆောင်းခို(အိပ်စက်) ခဲ့ရာမှ နိုးထလာသောအခါ သူမကိုသင်ကြားပေးနေရ၍ အနီရောင်ဂြိုလ်မှ လုံးဝထွက်ခွင့်မရခဲ့ချေ။ ထို့ကြောင့် ဂြိုလ်အပြင်ရှိ ကြော်ငြာများစွာက သူ့နာမည်ကို အလွဲသုံးစားလုပ်နေကြကြောင်း မေ့နေခြင်းဖြစ်မည်။
အရပ်ရှည်ဆေး၊ အလှကုန်၊ သိုလှောင်အိတ်ခလုတ်အပြင် ယခုဆိုလျှင် အိမ်ထောင်ရေးအေဂျင်စီပင်ရှိနေပြီ ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူက ထိုကြော်ငြာများမှ တပြားမှရမနေခြင်းပင်ဖြစ်သည်။╮(╯_╰)╭
ယောင်စစ် မူရွှမ်အတွက် ကြော်ငြာခများကို လိုက်ကောက်ပေးချင်သွားသည်။
"ဒါကိုကြိုက်လို့လား..."
မူရွှမ် ယောင်စစ်၏ကြောင်တက်တက် အမူအယာကိုကြည့်ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သော ပန်းပွင့်ကြော်ငြာကိုကြည့်လိုက်ပြီး ဆက်ပြောလာသည်။
"အဲ့တာဆိုလည်း တစ်ချက်လောက်သွားကြည့်ကြတာပေါ့...""အာ.."
သူမက ထိုကြော်ငြာကြောင့် ထိတ်လန့်ကာ တောင့်ခဲနေခြင်းသာဖြစ်သည်။မူရွှမ် သူမလက်ကိုကိုင်ကာ လမ်း၏ညာလက်ကို ခေါ်ဆောင်သွားသည်။ ၎င်းသည် အပြာရောင်ဂြိုလ်ပေါ်ရှိ ဈေးလမ်းများနှင့် မတူညီစွာ ဗိသုကာအဆောက်အအုံများရှိမနေပဲ အလင်းမျက်နှာပြင်အတန်းလိုက်ကြီးသာရှိနေသည်။ သူတို့ဦးတည်သွားနေသည့် မျက်နှာပြင်ပေါ်တွင် 'သိုလှောင်နေရာလွတ်'ဟူ၍ ရိုးရိုးရှင်းရှင်းနှင့် စာလုံးခပ်ကြီးကြီးနှစ်လုံးကိုသာ ရေးသားထားသည်။
နေရာလွတ်... အဲ့တာက နေရာလွတ်ခလုတ်ကိုပြောတာလား...
အမှန်အတိုင်းဝန်ခံရလျှင် သူမအတော်လေးသိချင်နေပြီး သူမခန့်မှန်းတာမှန်လားဟု သိချင်နေသည်။ယောင်စစ် သူမဘယ်ဆိုင်ကို သွားရမလဲဟု စိတ်ရှုပ်နေစဉ် မူရွှမ်က သူမကို ဆိုင်တစ်ခုထဲခေါ်သွားသည်။ သူတို့ခြေထောက်အောက်ရှိ ကြမ်းပြင် တောက်ပလာပြီး စတုရန်းမီတာဝက်မျှရှိသည့်နေရာတစ်ခုစာမျှကို အလင်းများပတ်ပတ်လည်ဖုံးလွှမ်းသွားကာ သူတို့ကို အပေါ်သို့အရှိန်နှုန်းမြင့်မြင့်ဖြင့် ပို့ပေးလိုက်သည်။
![](https://img.wattpad.com/cover/346223543-288-k852206.jpg)