Chapter 61
အထိန်းချုပ်ခံထားရသော သွေးစုပ်ဖုတ်ကောင်များလူကြီးမင်းလုဆိုသူ၏ စကားဆုံးသည်နှင့် အစောင့်လေးယောက်က သူတို့ကို ဝန်းရံလိုက်ပြီး ပရော်ဖက်ဆာဖူကို ထိခိုက်မိမည်ကိုပင် မကြောက်တော့ပဲ တိုက်ခိုက်ရန် ချိန်ရွယ်လာကြသည်။ တစ်ခန်းလုံးလင်းထိန်သွားကာ အလင်းများက တောက်ပနေသော စောင်တစ်ထည်တစ်ခုဖြစ်လာပြီး သူတို့ကို လွှမ်းခြုံသွားသည်။
အလင်းလုံးက သူတို့ကို ဝါးမြိုခါနီးတွင် အားအင်ကုန်ခန်းနေဆဲဖြစ်သော လော့ယင်းက ရှေ့သို့ထွက်လာခဲ့သည်။ သူမ၏လက်ဖဝါးပေါ်တွင် အလင်းစက်တို့ တောက်လောင်လာကာ အလင်းတန်းတန်းတစ်ခုက ပေါက်ကွဲထွက်လာပြီး ထိုတောက်ပနေသော စောင်ကြီးကို အစိတ်အပိုင်းတစ်ရာလောက် ကွဲထွက်သွားစေကာ အချို့အစိတ်အပိုင်းများက သူမဆီပင် ပျံဝဲလာကြသည်။
"သတိထား..."
ယောင်စစ် လော့ယင်းကို သူမနောက်သို့ဆွဲလိုက်သော်လည်း နောက်ကျသွားပြီဖြစ်ရာ အလင်းတန်းများစွာက သူမအပေါ် ကျရောက်နေပြီးဖြစ်သည်။"အား.."
သူမ၏ အရေပြားကွဲထွက်သွားကာ သွေးများ လက်မောင်းတစ်ဖက်လုံး ယိုစီးကျလာသည်။"လော့ယင်း..."
ယောင်စစ် သူမကို တွဲထူထားရသည်။"ဘာဖြစ်သွားတာလဲ..."
ပိုင်ရိ သူမ၏လက်မောင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"အလိုအလျောက် ပြန်မကုသနိုင်ဘူးလား..."လော့ယင်း ဖြူဖျော့လာသည်။ သူမလက်မောင်းပေါ်မှ သွေးများက ရေပိုက်ခေါင်းဖွင့်လိုက်သလို ယိုစီးကျနေပြီး ပြန်ပိတ်သွားဟန်ပင် မပြချေ။ သွေးစုပ်ဖုတ်ကောင်များ၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ဆိုလျှင် ထိုဒဏ်ရာက ထိုမျှကြာကြာ သွေးထွက်မနေသင့်ပေ။
"ဒီတော့ မင်းမှာ အလင်းစွမ်းအင်ရှိတယ်ပေါ့လေ..."
လူကြီးမင်းလုဆိုသူက လှောင်ပြုံးပြုံးလိုက်ပြီး လော့ယင်းကို ကြည့်လိုက်သည်။
"တကယ့်ကို သုတေသန နမူနာကောင်းလေးပဲ... ငါအလင်းစွမ်းအင်သုံးတဲ့သူကို တစ်ခါမှမမြင်ခဲ့သေးဘူး.... ဒါပေမယ့်..."
သူ မျက်စိမှေးကျဉ်းလိုက်ပြီး လှောင်ပြောင်သရော်လိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။
"မင်း ငါ့သုတေသနရဲ့ ဒေါသအပြည့်ကိုမခံစားရသေးဘူးမလား... မင်းအခုထိကြုံနေရတာတွေက အမြည်းပဲရှိသေးတာလေ..."
![](https://img.wattpad.com/cover/346223543-288-k852206.jpg)