Chapter 165
မူလဇစ်မြစ်နှင့်ဘိုးဘေးယောင်စစ် မြေအောက်ဝင်ပေါက် လမ်းကြောင်းကို ကြည့်လိုက်သည်။ ဖျက်ထားသော ဖြစ်ရပ်ကတည်းက လင်းလုံက သူမကို ဓာတ်ခွဲခန်းထဲ လုံးဝ မဝင်ခိုင်းတော့ပေ။ သူမ ဖျက်လိုဖျက်ဆီးလုပ်ရန် နှစ်ကြိမ်နှစ်ခါမျှ ခိုးဝင်ခဲ့သော်လည်း လုံးဝအလုပ်မဖြစ်ပေ။ သူက အရာတိုင်းကို အပို ကော်ပီကူးထားလေသည်။
╮(╯﹏╰)╭
ထို့ကြောင့် ယနေ့အထိ သူဘာတွေလုပ်နေလဲဆိုသည်ကို သူမ မသိသေးချေ။
သူမ ၎င်းကို အသေအချာတွေးနေသည့်အချိန်တွင် တံခါး ပွင့်သွားပြီး လင်းလုံက အခန်းထဲဝင်လာခဲ့သည်။ သူ၏ ပုံမှန်ဖြစ်နေကြ ဒေါသထွက်နေသော အမူအယာကို မတွေ့ရ၍ သူ့ကိုကြည့်ရသည်မှာ ပျော်ရွှင်စရာတစ်ခုနှင့် ကြုံတွေ့လာသည်ပုံပင်။ သူ၏ မျက်ခုံးများက ပြေလျော့နေပြီး သူမကို ထူးထူးဆန်းဆန်း နှုတ်ဆက်လာသည်။
"ဟေး... သူများရဲ့စာချုပ်ချုပ်ဆိုသူလေးရေ...."
"ဟေး... ရူးနေတဲ့ နှာဘူးရေ..."
ယောင်စစ် ပြန်လည်ချေပလိုက်သည်။လင်းလုံ၏ နှုတ်ခမ်းများ တွန့်လိမ်သွားကာ သူ၏ ပျော်ရွှင်ဝမ်းမြောက်နေသော အမူအယာကြီးက တောင့်တင်းသွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူမ၏ အမူအယာအတိုင်း လိုက်လုပ်လေသည်။
"မင်းပဲ ပျင်းနေပါတယ်လို့ ညည်းညူနေတာမလား... ငါဒီနေ့စိတ်ကောင်းဝင်နေတော့ မင်းကို လမ်းလျှောက်ပေးမလို့လေ..."ငါ့ကိုလမ်းလျှောက်ပေးရအောင် ငါခွေးလားဟ...
"ငါတို့ ဘယ်ကိုသွားနေတာလဲ...."
"သွားကြစို့..."
သူ သူမကို ဆိုဖာပေါ်မှ ဆွဲထူလိုက်သည်။
"ရောက်ရင် သိလာမှာပေါ့...."သူ လေထဲတွင် အကွေးလေးတစ်ခုလုပ်လိုက်ပြီး ဘလက်ဟိုးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက အာကာသသယ်ယူပို့ဆောင်ခြင်းပင်။
ယောင်စစ် ကြောင်အသွားသည်။ ဤသည်က သူမ မူရွှမ်ကလွဲ၍ အခြားလူတစ်ယောက်တွင် ဤအစွမ်းရှိနေသည်ကို မြင်ဖူးခြင်းဖြစ်သည်။
လင်းလုံက သူမကို ပေါ်တယ်ထဲဆွဲခေါ်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူတို့က မြေပြင်ပေါ်တွင်မရှိတော့ဘဲ လေထဲတွင် ရပ်နေကြသည်။ သူတို့ပတ်ပတ်လည်တွက် ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုသာရှိနေပြီး ခပ်လှမ်းလှမ်းတွင် ခပ်ဖျော့ဖျော့အလင်းတန်းလေး နှစ်ခုသာရှိနေသည်။