Chapter 187
မျိုးနွယ်စု၏ သစ္စာဖောက်စကြာဝဠာနှစ်ခုကို ချိတ်ဆက်ထားသည့် ဝင်ပေါက် ပျက်စီးသွားချိန်၌ မင်းသားလေး၏ အမူအရာမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်ရန် ပြုလုပ်တော့မည်ဟုပင် ထင်ရဟည်။ သူတို့ဘက်ကိုလှည့်ကာ စူးစူးရဲရဲ စိုက်ကြည့်ပြီး သူ၏အသံက အရိုးများထဲပင်စိမ့်ဝင်လောက်သည်အထိ အေးစက်သွားသည်။
" မင်း ဘာလုပ်လိုက်တာလဲ ..."" မင်းသားလေး ..."
လင်းလုံ လျန်ယုကို တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။ အသက်ပြင်းပြင်းရှုလိုက်ပြီး သတ္တိများစုစည်းကာ ရှေ့တိုးလိုက်သည်။
" ဒီစကြာဝဠာက ကျွန်တော်တို့နဲ့ မတူဘူး ... မျိုးနွယ်စုပေါင်းများစွာရှိတယ် ... ကျွန်တော်တို့ မျိုးနွယ်က စာချုပ်ချုပ်ဆိုသူ ရှာချင်ရင်တောင် စစ်ပွဲဖြစ်ဖို့ မလိုအပ်ပါဘူး ..."" ဒါ မျိုးနွယ်စုရဲ့ ဆုံးဖြတ်ချက်ပဲ ..."
" ဒါပေမဲ့ တခြားမျိုးနွယ်စုတွေက သေချာပေါက် လက်တုံ့ပြန်ကြလိမ့်မယ် ... စာချုပ်ချုပ်ဆိုသူတွေ ဒီလောက်အများကြီး ရှိနေရင် ..."
" အဲ့ဒါကြောင့် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ မဖြစ်အောင် တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ဖို့လိုတယ် ... "
မင်းသားက မြေပြင်ပေါ်မှ ထလာသည်။ ထို့နောက် ယောင်စစ်နှင့် လျန်ယုကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။" စာချုပ်ချုပ်ဆိုသူတစ်ယောက်ရဲ့ အရေးပါမှုကို မင်းနားလည်သင့်တယ်နော် ... အခွင့်အရေးက နည်းနေတယ်ဆိုရင်တောင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုက တန်ဖိုးရှိနေတုန်းပဲ ..."
ယောင်စစ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
ဒီလယက သူ့ရဲ့မျိုးနွယ်ဝင်တွေ လွယ်လွယ်ကူကူ ရွေးချယ်နိုင်ဖို့ ဒီစကြာဝဠာက မျိုးနွယ်တွေကို ထိန်းချုပ်ချင်နေတာလား ... အဲဒါက ယုတ္တိရှိလို့လား ဘယ်သူက သူတို့ကို လုပ်ခွင့်ပေးလို့လဲ .." ရှင့်ရဲ့ မျိုးနွယ်ဝင်တွေက စာချုပ်ချုပ်ဆိုသူ ရှာချင်တာနဲ့ပဲ လူတွေအားလုံးကို ကျွန်ဖြစ်ခိုင်းဖို့ ရည်ရွယ်ထားတာလား ..."