ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

343 37 1
                                    

Chapter 87
လေ့ကျင့်ရေး၏အနှောင့်အယှက်များ

လူသစ်လမ်းညွှန်က သူမ၏စိတ်စွမ်းအင်အား ပိုမိုသန်မာလာအောင်လေ့ကျင့်လိုပါက ပထမဦးစွာ စမ်းသပ်စစ်ဆေးရမည်ဟုဆိုသည်။ ယောင်စစ်က သူမ၏စိတ်စွမ်းအင်အား အရိပ်ဂြိုလ်ပေါ်ရှိ အသေးငယ်ဆုံးသက်ရှိသတ္တဝါများဖြစ်သော ယုန်များဖြင့်စတင်စစ်ဆေးသည်။

ယောင်စစ်က အာရုံစုစည်းကာ  သူမရှေ့ရှိ မြေပြင်ပေါ်မှ အမွေးဖြူဖြူသတ္တဝါအား စူးစိုက်ကြည့်လျက် ပြင်ပဆွဲငင်အား ကိုအသုံးပြုနိုင်ရန်ကြိုးစား အားထုတ်နေသည်။

" သခင်မလေး လုပ်ထား သခင်မလေးကြိုးစားထား..."

" သခင်မလေး ရခါနီးပြီ... နည်းနည်းလောက်ဆိုထိန်းချုပ်နိုင်တော့မှာ..."

" အသက်ပြင်းပြင်းရှူသခင်မလေး စိတ်စွမ်းအင်ကိုအားစိုက်ထုတ် ဒီယုန်သခင်မလေးရဲ့စိတ်စွမ်းအင်တွေအောက် ပြိုလဲတော့မှာ..."

" ရတော့မယ် ရတော့မယ်..."

" ရပြီကွ သခင်မလေးလုပ်နိုင်သွားပြီ ဟိုယုန်သခင်မလေးရဲ့ ကြီးမြတ်တဲ့စွမ်းအင်ကြောင့် ထွက်ပြေးသွားရပြီ..."

နင်တို့ကောင်တွေကြောင့် လန့်ပြေးသွားတာဟဲ့...

အဘယ်ကြောင့် သူမက ဤလူများဖြင့် လေ့ကျင့်ရပါမည်နည်း။ ၎င်းတို့က သူမ၏အလုပ်အား နှောင့်နှေးစေရန် ရောက်ရှိနေကြခြင်းပါပေ။

" မင်းတို့လေးယောက် ငါရှိကြီးခိုးပါတယ် ငါလေ့ကျင့်တဲ့နေရာနားမှာမနှောင့်ယှက်လို့ရမလား..."

သူမငိုချင်နေပြီ။

" ဟိုထောင့်လေးမှာ သွားထိုင်နေကြပေးလို့ရမလား..."

သွေးစုပ်ဖုတ်ကောင်လေးဦးက တစ်ဦးမျက်နှာတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ခေါင်းငြိမ့်ပြလာကြသည်။

" ဟုတ်ကဲ့ပါသခင်မလေး..."

" အမိန့်အတိုင်းပါခင်ဗျ..."

" ဒါပေါ့ရပါတယ်သခင်မလေး..."

" ကိစ္စမရှိပါဘူးသခင်မလေး..."

ထိုလေးယောက်သည် ထောင့်တစ်နေရာတွင်ထိုင်ချကာ ယောင်စစ်အား ကြည်ညိုပူဇော်သောအကြည့်များဖြင့်ကြည့်ရှု နေကြလေ၏။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now