Chapter 15
သေလမ်းရှာခြင်းယောင်စစ် နဖူးကြောများပေါက်ကွဲသည့်အသံကြားလိုက်ရသလိုပင်...
စားပွဲလှန်လိုက် (╯‵□′)╯︵┻━┻
ဘယ်သူက ဂိမ်းဆော့ချင်လို့လဲ...စည်းကမ်းရှိတဲ့ ပရော်ဖက်ရှင်နယ် ဆရာများမရှိဘူးလား...စံပြတစ်ယောက်ဖြစ်လာဖို့ကဘာခက်ခဲလို့လဲ...စံပြတစ်ယောက် ...စံပြတစ်ယောက် ဟုတ်ပြီလား ...
ကလေးတွေကို ဘယ်လိုများသင်ပြနေတာလဲ...
"ကလေးတို့ရေ... ကလေးတို့ရဲ့ ကွန်ပျူတာလက်ပတ်တွေကိုဖွင့်ပြီး စကြာဝဠာကွန်ယက်နဲ့ချိတ်ဆက်လိုက်ကြနော်... "
ယောင်စစ်စိတ်ထဲမှ မည်မျှကွန်ပလိန်းတက်စေကာမူ ဆရာမကစောင်ဖက်မလုပ်ပဲ ဆက်လက်ပြောဆိုနေသည်။
"ကျောင်းရဲ့ အင်တာနက် ပက်စ်ဝက်က 23333333 နော်..."
" ....."
ပက်စ်ဝက်ကအစ ရိုက်ချင်စရာကောင်းနေတာ...
"ဟင်...ဟိုနားက ကလေးလေး...ဘာလို့ ကွန်ပျူတာလက်ပတ်မဖွင့်သေးတာလဲ... ဘယ်လိုလုပ်ရမလဲ မသိလို့လားကလေး.. ဆရာမနောက်တစ်ခေါက်ပြန်ပြပေးရမလား..."
ဆရာမက ယောင်စစ်မလှုပ်သည်ကိုမြင်ပြီးလှမ်းပြောလာလေသည်။
တခန်းလုံးယောင်စစ်ကိုလှည့်ကြည့်လာကြလေသည်။
သူရှုံ့ရှုံ့မဲ့မဲ့ဖြင့် လက်ပတ်ကိုဖွင့်လိုက်သည်နှင့် သူမရှေ့တွင် ဘာမှန်းမသိသောစာများ အကွက်များနှင့် အကြည်ရောင်မျက်နှာပြင်တစ်ခုပေါ်လာသည်။
ယောင်စစ်လဲ ဆရာမပြောထားသည့်အတိုင်း ညာဘက်ထောင့်က အကွက်လေးကိုနှိပ်လိုက်သည်နှင့် pw မေးသည့်အကွက်လေးပေါ်လာသည်။စိတ်ပျက်စရာကောင်းသည့် ထို pw ကို ကီးဘုတ်မရှိပဲဘယ်လိုရိုက်ရမလဲစဉ်းစားနေတုန်းမှာပင် pw အတန်းလိုက်အလိုအလျောက်ပေါ်လာသည်။
ယောင်စစ်အံသြသင့်သွား၏။
အိုး... ဒီကွန်ပျူတာကို စိတ်နဲ့ထိန်းချုပ်တာပေါ့လေ..."ကလေးတို့ရေ....'အာကာသမျိုးစိတ်များကိုထိန်းချုပ်ခြင်း' ဆိုတဲ့ပုံလေးကိုတွေ့ကြလား... "