Chapter 179
တူတူပုန်းတမ်း" တော်ဝင်သစ်ပင်ကို မမြင်နိုင်ကြတာဖြစ်မယ် ..."
ယောင်စစ် မမေးမီမှာပင် အလင်းဆေလ်ဗာနီဘုရင်က ရှင်းပြလိုက်သည်။" အဲ့နေရာမှာ ရှိနေတာကို ကျုပ်ခံစားလို့ရတယ် တော်ဝင်သစ်ပင်ရဲ့ အထူးစွမ်းရည်က မမြင်နိုင်ခြင်းပဲ ... သူ မတိုက်ခိုက်မခြင်း မြင်ရသေးမှာမဟုတ်ဖူး ..."
သူ၏ စကားမဆုံးမီမှာပင် မူရွှမ်က ထိန်းချုပ်စားပွဲပေါ်မှ တိုက်ခိုက်သည့်ခလုတ်ကို နှိပ်ချလိုက်သည်။ ချက်ချင်းပင် ဖန်သားပြင်ပေါ်တွင် လင်းလာပြီး မိုးခြိမ်းသံကြီးဖြင့် ညဘက်ကောင်းကင်ယံတွင် မျက်စိစူးစေသည့် မီးအမှုန်အမွှားများ ပေါ်လာသည်။
မကြာမီ ခန့်မှန်းထားကြသည့်အတိုင်း ဧရာမကြာပန်းကြီး ပေါလောမျောလာသည်။
လျန်ယုက ဒီမှာ တကယ်ရှ်ိနေတာပဲ ...[ ဒင် ရန်သူ ဆက်သွယ်နေပါတယ် ]
သတိပေးချက်တစ်ခု ပေါ်လာပြီး ခဏအကြာတွင် ဒေါသထွက်နေသည့် လျန်ယု ဖန်သားပြင်တွင် ပေါ်လာသည်။ သူမဘေးတွင် လင်းအစ်ကိုကြီးက ရှိနေသည် ။ ထင်ထားသကဲ့သို့ ထိတ်ထိတ်ပျာပျာ ဖြစ်မနေပေ။ ပုံမှန်နှင့်မတူ ငြိမ်သက်နေသည်။
ပုံရိပ်ယောင်ကြီးများလား ... သူ့ကို ကြည့်ရတာ ရှက်နေသလိုပဲ ...
" ရှောင်ယု ..."
အလင်းဆေလ်ဗာနီဘုရင်၏ မျက်နှာက ဝင်းလက်သွားသည်။ သူမက စကားပြောရန်ပြင်သော်လည်း လျန်ယုက သူ့ကို အချိန်မပေးပေ။" သေစမ်း ... တကယ် အဲ့ဒီမျိုးမစစ်ပဲ ..."
လျန်ယုက မူရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမကို တားမြစ်မည့်လူ မှန်သမျှကို တိုက်ခိုက်ရတ် ပြင်ဆင်ထားပုံပင်။" ရှင်တို့လာတာ အတော်လေး မြန်သားပဲ ဒါပေမဲ့ နောက်ကျသွားပြီ ... စစ်စစ်က သဘောတူလိုက်ပြီလေ ... ကျွန်မတို့ကိုခွဲဖို့ စိတ်မကူးနဲ့တော့ ... ငါတို့က နှစ်ဦးသဘောတူ ကြည်ဖြူထားကြပြီ ... ဂလက်ဆီကြီး ပျောက်ကွယ်သွားရင်တောင် ကျွန်မတို့ တူတူရှိနေဦးမှာပဲ ဟမ့် ..."
ပြန်ဖြေသည်ကိုပင် မစောင့်တော့ပဲ ဆက်သွယ်မှုကို ဖြတ်ချသွားသည်။ ထိုတစ်ချိန်လုံး သူမ အလင်းဆေလ်ဗာနီဘုရင်ကို တစ်ကြိမ်ပင် လှည့်မကြည့်ပေ။