Chapter 147
{ လုံခြုံမှု - ၂ }
ကလေးလေးသည် မိခင်ဖြစ်သူ ရှင်းပြသည့်အကြောင်းကို ချက်ချင်းသဘောပေါက်သွားခဲ့လေသည်... ထို့နောက်တွင် ရှင်းရှင်းသည် ကားပြတင်းပေါက်နားသို့ တိုးကပ်ကာ တင်းကားပုံစံအဆောက်အဦးကြီးကို ကြည့်ရင်း " တင့်ကားကြီး... တင့်ကားကြီး... " ဟု ရေရွတ်နေတော့၏...
နောက်ဆုံးတွင် သူတို့စီးလာသောကားသည် ထိုတင့်ကားအဆောက်အဦးနားတွင် ရပ်တန့်သွားသည်..
အားလုံး ကားထဲမှ ဆင်းပြီးချိန်၌ ဟိုတယ်ဝန်ထမ်းများက သူတို့ဆီ ရောက်လာကြပြီး ဟိုတယ်အခန်း check-in လုပ်ရန် ကူညီပေးကြလေသည်... ကျန်းမင်ယွမ် ရွေးချယ်ထားသောဟိုတယ်အခန်းသည် တင့်ကားပုံသဏ္ဍာန်ရှိသောအဆောက်အဦးထဲတွင်ပင်...
တင့်ကားသဏ္ဍာန်အဆောက်အဦး၏အပြင်ပိုင်းရှိနံရံတွင် နွယ်ပင်များ ပေါက်နေကာကြမ်းတမ်းနေပုံရ၏...
တစ်ဖက်ရှိ ရှင်းရှင်းလေးမှာတော့ ဤနေရာကြီး၏တည်ဆောက်ပုံစံကို နှစ်သက်နေပုံရသည်... တင့်ကားများကို လူသားများက မောင်းနှင်နိုင်ကြောင်း သိရှိပြီးနောက်တွင် ရှင်းရှင်း၏ရည်မှန်းချက်မှာ တင့်ကားတစ်စီးကို မောင်းနှင်ရန်ဖြစ်ကြောင်း ပြောလာပြန်သည်... ယခုအချိန်တွင်တော့ ချန်းဟွမ်နှင့်ကျန်းမင်ယွမ်တို့သည် ကလေးလေး၏ရည်မှန်းချက်များကို စိတ်ဝင်စားမှု မရှိတော့ပေ... ကလေးငယ်များတွင်တွေ ရည်မှန်းချက် များစွာရှိတတ်ပြီး အရွယ်မရောက်ခင်အထိ ဆက်တိုက် ပြောင်းလဲနေတတ်သောကြောင့်ပင်...
၎င်းတို့သည် အခန်းသော့ကို ယူကာ ဟိုတယ်ဝန်ထမ်းနှင့်အတူ အထဲဝင်သွားခဲ့ကြသည်...
အိမ်ကြီး၏အတွင်းပိုင်း အပြင်အဆင်သည်တင့်ကား၏အတွင်းပိုင်းနှင့် အတော်ဆင်တူချေ၏... တစ်ဖက်မှ မှန်ပြတင်းပေါက်သည်လည်း အဝိုင်းပုံစံရှိပေသည်... အတွင်းဘက်တွင် အလွန်ကျယ်ဝန်းသောဧည့်ခန်းဖြစ်ကာ ကြီးမားသောဆိုဖာများလည်း အခန်းအတွင်းနေရာယူထားကြလေသည်... အတွင်းပိုင်းနံရံသည်လည်း တင့်ကားအတွင်း၌ ခဲယမ်းများသိုလှောင်ထားသည့်ပုံစံပြင်ဆင်ထားသည်
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်