(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.2K 94 0
                                    

Chapter 229
Chapter 229February 12, 2023

ကုတင်သည် အခန်းတံခါးအကျယ်ထက် ပိုကြီးရာ

အခန်းထဲသို့ သွင်းမည်ဆိုလျှင် အားစိုက်ထုတ်ရမည်ဖြစ်လေသည်။

ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းများအား မကြာမဏ အပြောင်း‌အရွှေ့လုပ်နေခြင်းက မသင့်တော်ပေ။

ဤကုတင်ပေါ်တွင် အိပ်စက်ရန် ဖိအားများသည်မှာမှန်သော်လည်း  အလွန်လှပလွန်းသည်ကိုတော့ ဝန်ခံရပေမည်။ကုတင်မှာ တင့်တယ်လွန်း၍ အကြည့်ပင်မလွှဲနိုင်ချေ။

ချန်းဟွမ် သစ်သားပန်းကြွကို လက်ညိုးဖြင့် တို့ထိကာ အနောက်တွင် ရပ်နေသော အမျိုးသားဘက်သို့လှည့်ကြည့်၍ပြောလေသည်။

“ရပါတယ်...ဒါလည်း အဆင်ပြေပါတယ် ”

ကျန်းမင်ယွမ်သည် ထိုစကားကိုကြားသောအခါ ဝမ်းသာသွားပုံရ၏။သူသည် ငယ်စဥ်ကတည်းက ဤနေရာ၌နေခဲ့ပြီး ဤအသုံးအဆောင်များဖြင့်သာ အတူကြီးပြင်းလာခဲ့ပေသည်။

ချန်းဟွမ်ကလည်း ဤအရာများကိုသဘောကျကြောင်းသိလိုက်ရသည့်အတွက် ကျန်းမင်ယွမ်က အံ့သြသွားတော့သည်။သူတို့နှစ်ယောက် ပိုရင်းနှီးလာကြသလို ခံစားလိုက်ရ၏။

အခန်းများကို လှည့်လည်ကြည့်ရှုပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းကာ အထုပ်သယ်ရန်သွားကြသည်။

သုံးယောက်သား အောက်ထပ်သို့ ဆင်းလာသည်နှင့် အပြင်ဘက်မှ တစ်စုံတစ်ယောက်၏အော်ခေါ်သံကိုကြားလိုက်ရတော့၏။

"ကိုယ်သွားကြည့်လိုက်ဦးမယ်"

“အင်း...သွားလေ ...ခရီးဆောင်အိတ်တွေက သိပ်မလေးပါဘူး”

ချန်းဟွမ်သည် အိတ်များကို အပေါ်ထပ်သို့ ယူဆောင်သွားပြီး ထုတ်စရာရှိသည်များကိုထုတ်လိုက်သည်။

ထို့နောက်  အောက်ထပ်သို့ ပြန်ဆင်းလာချိန်တွင်

အခြားလူနှစ်ယောက်ထိုင်နေသည်ကို တွေ့ခဲ့ရ၏။

ထိုနှစ်ဦးသည် အသက်လေးဆယ်ကျော် လူလတ်ပိုင်း စုံတွဲတစ်တွဲဖြစ်ပုံရသည်။ သူတို့က ချန်းဟွမ်အား လှည့်ကြည့်ကြ၏။ ထို့နောက်အမျိုးသမီးက ကျန်းမင်ယွမ်ဘက်သို့ပြန်လှည့်ပြီး  "ဒါက ယောင်းမလေးဖြစ်ရမယ်" ဟု ပြုံးလျက်ပြောလေသည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now