chapter 247

1K 66 3
                                    

Chapter 247
Chapter 247February 16, 2023

ချန်းဟွမ်သည် ကောင်စစ်ဝန်ရုံးကို ဖုန်းခေါ်ပြီးနောက် ကျန်းမင်ယွမ်ကို ထပ်မံ ခေါ်လိုက်သေးသည်။ထို့နောက် သူမက လူမှုကွန်ရက် အက်ပလီကေးရှင်းအားလုံးကို သုံးပြီး သတင်းအချို့ ကြည့်လိုက်သော်လည်း ဘာသဲလွန်စမှ မသိရပေ။သူမ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်ရင်း မျှော်လင့်ချက်မဲ့သွားရသည်။ သူမ ရင်ထဲ၌ ဟာလာဟင်းလင်း ဖြစ်နေပြီး ခြေဖျားလက်ဖျားများမှာလည်း အေးစက်လာကြသည်။

ထိုစဉ် ရှင်းရှင်းမှာ သူ့အဝတ်အစားများကို သူ့ဘာသာ လဲဝတ်ထားပြီး ဆင်းလာကာ ချန်းဟွမ်နှင့် မျက်နှာချင်းဆိုင်တွင် ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်သည်။

"မေမေ…သားဗိုက်ဆာတယ်…မနက်စာ ဘာစားရမှာလဲ…"

ချန်းဟွမ် သားဖြစ်သူအသံကိုကြားသောအခါ သတိပြန်ဝင်လာရကာ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုတို့ နှစ်ခုစလုံး သူမရင်ထဲ ပိုဆိုးလာရသည်။  ချန်းဟွမ်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ဝမ်းနည်းမှုကို မြိုသိပ်ထားကာ ကြမ်းပြင်ပေါ် ထိုင်နေရာမှ ထလိုက်ခါ ရှင်းရှင်းကို ဆွဲထူလိုက်သည်။

"ကြမ်းပြင်ပေါ်မှာ မထိုင်နဲ့လေ…"

"မေမေ ထိုင်နေလို့ ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာလေ…"

ချန်းဟွမ်က ရှင်းရှင်းကို နောက်ပြေင်မနေတော့ဘဲ မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ ဂျုံမှုန့်များမှာ ဖိတ်စင်သွားသဖြင့် မနက်စာမှာ ဆန်ပြုတ်တစ်ပန်းကန်သာ ရှိလေသည်။

ချန်းဟွမ်သည် ရှင်းရှင်း အတွက် အချဉ်သိပ်ထားသော အသီးအရွက်များနှင့်အတူ ယာဂုတစ်ပန်းကန်ကို လှမ်းပေးလိုက်သည်။ ရှင်းရှင်းသည် ရိုးရှင်းသော နံနက်စာကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူဘာမှ စောဒကမတက်ရှာပေ။သူက ယာဂုပန်းကန်တစ်ဝက်ကို အေးအေးဆေးဆေး သောက်နေရင်း အမေဖြစ်သူက ဘာမှ မစားသည်ကို မြင်လိုက်ရလျှင် မေးလိုက်သည်။

"မစားဘူးလား မေမေ…"

"မေမေ ဗိုက်မဆာဘူး…"

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now