Chapter 278(Extra)
Imperial MeowFebruary 16, 2023
Chapter 278 (Extra 3)ကျန်းရှင်းချန်သည် သူ၏၁၀စတုရန်းမီတာ ကျယ်ဝန်းသော အိပ်ရာပေါ်တွင် နေ့တိုင်းနိုးထလာရပြီး
အကောင်းတကာ့အကောင်းဆုံးအဆင့်သတ်မှတ်ချက်ရှိသည့် ထိပ်တန်းစားဖိုမှူးမှချက်ပြုတ်ပေးသော နံနက်စာကိုစားသုံးရသည်။ထို့နောက်ပိုင်းတွင် တန်ဖိုးကြီးဇိမ်ခံကားကိုစီးပြီး ကျောင်းသို့သွား၏။
အခြားကျောင်းနေဖက်အားလုံး၏ နေထိုင်မှုပုံစံသည်လည်း အလားတူပင်ဖြစ်သောကြောင့် ကျန်းရှင်းချန်သည် ထိုအကြောင်းကို အထူးတလည်မခံစားရပေ။
ကျန်းရှင်းချန်သည် ယခုနှစ်တွင် အသက် ၁၀ နှစ်ရှိပြီဖြစ်ပြီး စတုတ္တတန်းသို့တက်ရရောက်ရတော့မည်ဖြစ်လေသည်။သူသည် အတန်းထဲတွင် နံပါတ်တစ် ကျောင်းသားဖြစ်ပြီး ရေပန်းစားကျော်ကြားလှ၏။
ဆယ်နှစ်အရွယ် ကျန်းရှင်းချန်ထံ၌ ပြဿနာများစွာရှိခဲ့ပြီး တုံးအစွာပြုံးရယ်ခြင်းကို ရပ်တန့်ခဲ့လေသည်။
သို့သော် အတန်းဖော်များက နားလည်မှုလွဲမှားကာ
ကျန်းရှင်းချန်အား “ရေခဲတောင်” ဟု အမည်တပ်ကြသည်။
ကျန်းရှင်းချန်သည် " ရေခဲတောင် '၏အဓိပ္ပါယ်ကို နားလည်ပြီး သူသည် အခြားသူများနှင့် ဝေးကွာလာပြီဟု ကိုယ်တိုင်ကိုယ်ကျ ခံစားမိလေသည်။ သူသည် ကိုယ့်ကိုကိုယ်ဖိအားပေးခဲ့သော်လည်း ထူးထူးခြားခြားကောင်းမွန်လာသည်မျိုးမရှိပေ။
အတန်းပြီးသည်နှင့် စာသင်ခန်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ကျန်းရှင်းချန် သည် စာရွက်တစ်ရွက်ကို ဆွဲထုတ်ကာ ဆူဒိုကူ စတင်ကစားရန်ပြင်လိုက်၏။
သို့သော်လည်း ၂မိနစ်မပြည့်ခင်မှာပင် နှောက်ယှက်ခြင်းခံလိုက်ရသည်။
(ဆူဒိုကူကစားနည်းသည် ဘင်ဂိုကစားနည်းဖြင့်ဆင်တူသည် )
"ရှင်းချန်...ငါဒီပုစ္ဆာသိပ်နားမလည်လို့လေ ... တွက်ပြပါလားဟင် "
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်