Chapter 215
Chapter 215February 11, 2023ကျန်းမင်ယွမ်ဘက်မှ လက်ထပ်မှတ်ပုံတင်ရုံးအကြောင်းပြောလာသောအခါတွင် ချန်းဟွမ် တုန်လှုပ်သွားမိသည်။
သူမ၏ပထမဆုံး တုံ့ပြန်မှာ ကျန်းမင်ယွမ်အား လှည့်စားချင်ရုံသပ်သပ်ဖြစ်လေ၏။သို့သော်လည်း ကျန်းမင်ယွမ်ကရယ်လျက် စနောက်နေခြင်းသာဖြစ်ကြောင်းပြောလာသည်။
ချန်းဟွမ်သည် တစ်ချိန်တည်း၌ စိတ်သက်သာရာရခြင်းနှင့် အားမလိုအားမရဖြစ်ခြင်းကို ခံစားလိုက်ရလေ၏။
သူမက သက်ပြင်းချလိုက်ပြီး အသက်ပြင်းပြင်းရှူသည်။
ချန်းဟွမ်က ရူးသွပ်သည့် အတွေးများကို ချုပ်တည်းရန် ကြိုးစားနေလေ၏။
" သွားတော့မယ် "
ကျန်းမင်ယွမ်သည် ယနေ့ရုံးမတက်ချေ။
ညနေ ၃ နာရီ၌ ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် အချိန်မီသွားရန်သာလိုအပ်ပေသည်။
"အင်းပါ... အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ"
ချန်းဟွမ်က ကျန်းမင်ယွမ်အားလိုက်ပို့ပေးရန် မတ်တပ်ထရပ်လိုက်၏။
ဓာတ်လှေကားသည်ပထမထပ်၌သာရှိနေသေးပြီး အပေါ်တက်လာရန် ရပ်စောင့်နေရလေသည်။
နှစ်ယောက်သားအတူစောင့်ဆိုင်းနေချိန်တွင် ကျန်းမင်ယွမ်က အနောက်သို့လှည့်လာပြီး ချန်းဟွမ်အားမေးတော့၏။
"နှစ်သစ်ကူးရက်တွေမှာ ဘာလုပ်ဖို့ စီစဉ်ထားလဲ "
"ဟင်...ဘာမှမရှိပါဘူး...ပုံမှန်လိုပဲ"
ချန်းဟွမ်သည် သူမ၏ဆဲလ်ဖုန်းစခရင်မှ အကြည့်ခွာလိုက်ပြီး အာမေဋိတ်သံထွက်လာသော်လည်း အမူအရာထိန်းလျက် ပြန်ဖြေရှာသည်။
သူမထံတွင် သူငယ်ချင်းများများစားစားမရှိပေ။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်တွင်လည်း ဆွေမျိုးအဖြစ် မိခင်ဖြစ်သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။သို့သော်လည်း သူမ၏မိခင်သည် လွန်ခဲ့သောနှစ်များက နောက်အိမ်ထောင်ပြုခဲ့ပြီး အဆက်အသွယ်ပြတ်သွားခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်၏။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်