chapter 253

1K 60 0
                                    

Chapter 253
Imperial MeowFebruary 16, 2023

Chapter 253





ကိုယ်ပိုင်လေယာဉ်ပေါ်ရှိ ဝန်ဆောင်မှုသည် အမှားအယွင်းမရှိဘဲ ကောင်းမွန်လှပေသည်။ ရှင်းရှင်း က ပုဇွန်စားချင်ကြောင်းပြောပြီး မကြာမီ ညစာစားပွဲပေါ်တွင် အလေးချိန် 13 ပေါင်နီးပါးရှိသော ဧရာမပုစွန်ထုပ်ကြီးတစ်ကောင် ရောက်လာရလေသည်။





လူဆယ်ယောက်ပင် စား၍ ကုန်မည်မထင်။





ချန်းဟွမ်  ညစာစားပြီးနောက် အိပ်ငိုက်နေပြန်သည်။သူမက အစာကြေသွားစေရန် မတ်တတ်ထရပ်လိုက်ပြီး ကုတင်ပေါ် တက်လိုက်ရာ ကျန်းမင်ယွမ်က လှမ်းတားလိုက်သည်။





"အရင် ရေချိုးလိုက်ပါလား…"





အိပ်ခန်းထဲတွင် ရေချိုးခန်းပါ ရှိ‌လေသည်။ ချန်းဟွမ် သည် ရေချိုးလိုက်ပြီး ဆံပင်ကို တစ်ဝက်သာ ခြောက်အောင်သုတ်လိုက်၍ ကုတင်ပေါ် လေးဖက်ထောက် တက်လိုက်သည်။





သူမက စောင်ကို မေးစေ့နားအထိ ဆွဲခြုံလိုက်ကာ ကျန်းမင်ယွမ်ကို ပြောလိုက်သည်။





"ရှင်လည်း ရေချိုးပြီးမှ အိပ်လေ…"





ထိုလူက ခဏတာ ငြိမ်သက်သွားရပြီး  ခေါင်းညိတ်လိုက်၏။ သူက ရှင်းရှင်းကိုပွေ့သွားကာ ရေချိုးခန်းဆီ လျှောက်သွားလိုက်သည်။





ချန်းဟွမ်သည် ကျန်းမင်ယွမ် ရေချိုးသံကို နားထောင်ရင်း အိပ်ပျော်သွားရသည်။ အတန်ကြာပြီးနောက် ကုတင်တစ်ဖက်မှ မွေ့ယာကြီး နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး သူ့ကိူယ်ငွေ့နွေးနွေးက သူမနောက် ရောက်လာသည်ကို ခံစားလိုက်ရသည်။ဤသည်မှာ သူမ ‌အိပ်မပျော်ခင် နောက်ဆုံး မှတ်မိခြင်းဖြစ်သည်။





ကိုယ်ပိုင်လေယာဉ်၏ အမြန်နှုန်းသည် လေကြောင်းလိုင်းကုမ္ပဏီများမှ လေယာဉ်များထက် အနည်းငယ်နှေးကွေးသည်။လေယာဉ်သည် ည ၈ နာရီတွင် ထွက်ခွာခဲ့ပြီး နောက်တစ်နေ့ နေ့လည် ၁ နာရီမှာ မြို့တော် S ကို ရောက်လာသည်။





နေ့တစ်ဝက်ကျော်ကြာပြီးနောက် ကျန်း လုပ်ငန်းစု၏ အကြီးအကဲကို အသက်ရှင်လျက် တွေ့ရှိရကြောင်း သတင်းမှာ နိုင်ငံတစ်ဝှမ်း ပျံ့နှံ့သွားရသည်။ ကျန်း ကော်ပိုရေးရှင်း၏ စတော့ရှယ်ယာများလည်း စတော့ဈေးကွက်တွင် ပြန်တက်လာပြီး စီးပွားရေး လှည့်ကွက်လုပ်လိုသူများသည်လည်း အလိုလို ချောင်ရောက်သွားရသည်။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now