chapter 244

949 59 0
                                    

Chapter 244
Chapter 244February 16, 2023

သူ့စကားက အဓိပ္ပာယ်ရှိနေသော်လည်း ချန်းဟွမ် သူ့အစား စိတ်ဆိုးနေရဆဲ။

"ဒါပေမယ့် ရှင် အရမ်းနစ်နာတာပေါ့…"

"မဟုတ်ဘူ…ကိုယ့်ပိုက်ဆံတွေ ပြန်ရတယ်…"

"တကယ်လား…"

ထိုအချိန်တွင် ကျန်းမင်ယွမ် အစား သူမပျော်သွားရသည်ကို ဝန်ခံရပေမည်။

"တစ်ကယ်…တစ်ကယ်…"

သူက ထပ်ခါတလဲလဲ ပြောလိုက်သည်။ 

နှစ်ယောက်သား စကားစမြည်ပြောကြပြီး အိမ်ပြန်ရောက်သောအခါ ညစာပြင်လိုက်ကြသည်။ ညစာစားပြီးသည်နှင့်  အမေ ကျန်း က ဖုန်းခေါ်လာသည်။

ကုမင်လီသည် ယခုအချိန်တွင် သူမဘဝ၏ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်နေရသည်။ သူမ၏ ချစ်သူမှာလည်း အလုပ်အကိုင်နှင့် ဖြစ်သွားရပြီး သူမတို့နှစ်ဦး မခွဲမခွာ အတူရှိနေကြသည်။ ယခင်က ကြမ်းတမ်းသော ဘဝဒဏ်ကို ဖြတ်သန်းခဲ့ရဖူးသော သူမ ချစ်သူသည်  ယခု လက်ရှိအခြေအနေကို အလွန်တန်ဖိုးထားကာ သူမကိုလည်း ကောင်းမွန်စွာ ဂရုစိုက်ပေးလေသည်။ ကုမင်လီ သည် နေ့တိုင်း ပျော်ရွှင်နေပြီး နှစ်အနည်းငယ် ပိုငယ်သွားသည်ဟုပင် ထင်ရလေသည်။ သူမ မွေးရပ်မြေမှထွက်ခွာသွားရသော်လည်း သူမချစ်သူနှင့်အတူရှိနေ၍ နှစ်သစ်ကူးကာလမှာ လုံးဝ အထီးကျန်ခြင်းမရှိပေ။ သူမကိုယ်တိုင် ဟင်းအနည်းငယ်ပင် ချက်ပြုတ်လိုက်သေးသည်။သူမသည် ကျန်းမင်ယွမ်ကို နှစ်သစ်ကူးညစာအကြောင်းနှင့် သူ့ကျန်းမာရေးအကြောင်း မေးချင်သော်လည်း နှစ်နိုင်ငံ အချိန်ကွာခြားမှုကြောင့် တစ်ကြောင်း၊ကွယ်လွန်သူ ခင်ပွန်းဟောင်းအကြောင်း ပြန်အစဖော်မည်စိုး၍က တစ်ကြောင်းကြောင့် တစ်နေကုန် ဝေခွဲမရဖြစ်နေကာ ဖုန်းမခေါ်ဖြစ်ခဲ့ပေ။

အမေ ကျန်း က သားဖြစ်သူ ကျန်းမာရဲ့လား ဆိုသည်ကို မေးမြန်းလိုက်ပြီး ဂရုစိုက်ရန် မှာကြားလိုက်သည်။ ကျန်းမင်ယွမ်က ကောင်းကောင်း ပြန်မဖြေဘဲ သူမစကားကို နားထောင်နေသော်လည်း ပြန်မပြော။သားအမိ နှစ်ယောက်မှာ စကားပြောစရာ မရှိသလောက်ဖြစ်သွားရသည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now