Chapter 198
"အပေါ်ဆုံးထပ်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခန်း...စာကျက်ခန်းရယ်...လှေကားဘေးက အခန်းတစ်ခန်းရယ်...စုစုပေါင်း သုံးခန်းရှိတယ်..."
ကျန်းမင်ယွမ် ပြောလိုက်သည့်စကားကြောင့် ချန်းဟွမ် အနည်းငယ် မှင်တက်သွားပြီး တံခါးဝသို့ရောက်သည့်အချိန်၌ သူမ တစ်စုံတစ်ခုကို သတိပြုမိသည်။
ကျန်းမင်ယွမ်၏ အဆောက်အဦးသည် သုံးထပ်တိုက်ဖြစ်ပြီး အခန်းအားလုံးကို သူမတို့ လှည့်လည် ကြည့်ရှုပြီးဖြစ်၍ ဧည့်သည်ထားရန် အခန်းတစ်ခန်းမှလွဲ၍ အခြားအိပ်ခန်းမရှိပေ။ထို့ကြောင့် ကျန်နေသည့် အခန်းကို မည်သည့်အခန်းအတွက် ရည်ရွယ်ထားသည်မှာ သိသာထင်ရှားလေသည်။
ချန်းဟွမ်က သူမကိုယ်သူမ အပြစ်တင်လိုက်ပြီး စကားလမ်းကြောင်းလွှဲရန် အကြောင်းရှာလိုက်သည်။သေချာသည်မှာ သူမတို့နှစ်ယောက် အခန်းရှေ့တွင် ရပ်နေကြပြီး စကားတစ်ခွန်းမှ မဆိုကြခြင်းပင်။
ကျန်းမင်ယွမ်က တုံ့ဆိုင်းစွာဖြင့် မဝံ့မရဲပြောလိုက်လေသည်။
"ဒီအခန်းသော့ကိုတော့ ပေးလို့မရသေးဘူး..."
"အဆင်ပြေပါတယ်...ရတယ်...ကျွန်မတို့ သွားရအောင်လေ..."
ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"မင်းကြည့်ချင်ရင်လည်း ကြည့်လို့ရတယ်လေ..."
"မဟုတ်ဘူး... မလိုပါဘူး... ပြန်ကြရအောင်...ရှင်းရှင်း တစ်ယောက်တည်းဆိုတော့ သွားကြရအောင်...."
ချန်းဟွမ်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"ကောင်းပြီလေ....အောက်ဆင်းကြတာပေါ့..."
ကျန်းမင်ယွမ် ခေါင်းညိတ်လိုက်သည်။
အကြောင်းပြချက်တစ်ခုမျှသာဖြစ်သော်လည်း ရှင်းရှင်း အတွက် ချန်းဟွမ် အလွန်ပင် စိုးရိမ်နေမိသည်။ ကလေးတစ်ယောက်တည်း ဖြစ်သဖြင့် တစ်ခုခုဖြစ်သွားမည်ကို သူမ စိုးရိမ်နေမိခြင်းပင်။သူမတို့ အောက်ထပ်ကို ပြန်ဆင်းလာချိန်မှာ ရှင်းရှင်းသည် အရုပ်ပင်လယ်ထဲမှာ နစ်မြုပ်နေကာ ဆော့ကစားနေလေသည်။ရှင်းရှင်းကို သူမခေါ်ကြည့်လိုက်ရာ သူက အသံပြုလိုက်သဖြင့် သူမစိတ်အေးသွားရလေသည်။သူမက ကျန်းမင်ယွမ်ကို ရှင်းရှင်းနှင့် နေခိုင်းခဲ့ပြီး အထုပ်များကိုဖြည်ကာ နေရာချထားမည်ဟု ပြောလိုက်လေသည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်