(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.2K 90 0
                                    

Chapter 210

နောက်တစ်နေ့တွင် ကျန်းမင်ယွမ်သည် ရုံးသို့ တစ်ယောက်တည်း ရောက်လာခဲ့သည်။မကြာမီ ကုမင်လီ ထံမှ ဖုန်းဝင်လာကာ သူမက နိုင်ငံခြားတွင် သင်္ဘောလုပ်ငန်းကို ကူညီရန် ကျန်းယီသုန်း သဘောတူကြောင်း ပြောလေသည်။

ကျန်းမင်ယွမ် ထိုစကားကို လုံးဝ မအံ့သြမိဘဲ ကျန်းယွီသုန်း လာရမည့် အချိန်ကို ချိန်းဆိုလိုက်ပြီး ဖုန်းချလိုက်သည်။ထို့နောက် သူက စာရွက်စာတမ်းများ ပြင်ဆင်ရန်အတွက် ရှေ့နေဖြစ်သူထံ ဆက်သွယ်လိုက်သည်။ သူတို့ ချိန်းဆိုထားသောအချိန်သည် နောက်တစ်နေ့မွန်းလွဲ ၃ နာရီဖြစ်သော်လည်း ကျန်းယွီသုန်း က မိနစ် ၃၀ စောရောက်လာသည်။ကျန်းမင်ယွမ်သည် ရုံးခွဲမှ ပြန်လာသောအခါ ကျန်းယွီသုန်း ရုံးချုပ်တွင် စောင့်နေသည်ဟု ချီရှန်ထံမှ သိရလေသည်။

ကျန်းယွီသုန်း သည် အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းအတွင်း ထိုင်ကာ အခန်းတွင်း အလှဆင်ထားသည်များကို ကြည့်ရင်း ရောထွေးနေသော ခံစားချက်များစွာကို ခံစားနေရသည်။ လွန်ခဲ့သည့် နှစ်များတွင် သူသည် ကျန်းမင်ယွမ်ကို ရေတစ်ခွက်သာ ချထားပေးပြီး တစ်နေ့ကုန်စောင့်ခိုင်းခဲ့ဖူး‌သည်။သို့မဟုတ်လည်း  ကျန်းမင်ယွမ်အား အဆောက်အဦးထဲကိုတောင် ဝင်ခွင့်မပြုခဲ့ပေ။ ယခုမူ သူတို့ နှစ်ယောက်မှာ အဖြစ်သနစ်ချင်း ပြောင်းသွားရပြီး သူကလည်း တူဖြစ်သူထံမှ ရာထူးတစ်ခုကို ခခယယ ‌တောင်းခံနေရသူ ဖြစ်လာရလေသည်။

ကျန်းယွီသုန်းသည် ပြီးခဲ့သည့် နှစ်များအတွင်း အကြောက်လွန်နေခဲ့သည်။ သူနှင့် အလုပ်တွဲလုပ်သူ အများစုမှာ အဖမ်းခံခဲ့ရသော်လည်း သူကအမှားတစ်ခုမှ မလုပ်ထားဘဲ အပြစ်ကင်းနေ၍သာ   ထောင်မကျရခြင်း ဖြစ်သည်။ထိုမျှမကသေး၊ ကျန်းလုပ်ငန်းစုမှ သူ၏ ရှယ်ယာများကို ထုတ်ပစ်ရန် တစ်စုံတစ်ဦးက  အတင်းအကြပ် ခိုင်းစေခဲ့ပြီး သူ့ကိုယ်ပိုင် ကုမ္ပဏီများကလည်း တစ်ခုပြီးတစ်ခု ဒေဝါလီခံခဲ့ရသည်။

သူ၏ စည်းစိမ်အများစုကို သူ့ကုမ္ပဏီများတွင် ထည့်သွင်းထားသောကြောင့် လူးနေအောင် ဒုက္ခရောက်ခဲ့ရလေ၏။   ပထမတွင် အရှုံးမပေးဘဲ အစမှ ပြန်စရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဘဏ်များဆီသာ ငွေအမြောက်အမြား အကြွေးတင်သွားခဲ့ရသည်။ ယခု သူ့တွင် အလုပ်လည်းမရှိသလို သူငယ်ချင်းလည်း များများစားစား မရှိတော့။ ကျန်းမင်ယွမ်က သူ့အကြွေးများကို  ဆပ်ပေးကာ သုံးစရာပိုက်ဆံလည်း ပေးထား၍သာ တော်တော့သည်။သို့မဟုတ်ပါက  သူ စားသောက်ဖို့တောင် ပိုက်ဆံရှိမည် မဟုတ်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now