Chapter 222
Chapter 222February 12, 2023ယောက်ျားသားများသည် နဂိုကတည်းက အရေထူခြင်းလော ထိုသို့မဟုတ်ပါက ကျန်းမင်ယွမ်ကိုယ်တိုင်ကပင် အကြောတင်းခြင်းလော။ချန်းဟွမ်မပိုင်းခြားနိုင်တော့ပေ။
ကျန်းမင်ယွမ်သည် ယခုအခြေအနေတွင် အလွန်အကြူးတည်ငြိမ်အေးဆေးနေပေ၏။သူသည် တစ်ရှူးကို ယူကာ နှုတ်ခမ်းကို ဖြည်းညင်းစွာ သုတ်နေရင်း
တံခါးဘေးတွင် ရပ်နေသော ကလေးလေးအား မေးလေသည်။
“ဘယ်လို ဆင်းလာတာလဲ”
"ကစားဖို့ လာတာလေ" ရှင်းရှင်းက လက်ထဲတွင် လေယာဉ်ငယ်ကို ကိုင်ဆောင်ပြီး ဖြတ်လျှောက်သွားလေ၏။
ထို့နောက်တွင် ရှင်းရှင်းက အစိုဓာတ်အလွန်အကျွံပြည့်ဝနေသော ကျန်းမင်ယွမ်၏နှုတ်ခမ်းများကို စိုက်ကြည့်လာသည်။
"ဖေဖေနဲ့ မေမေက အာဘွားပေးတမ်း ဆော့နေကြတာလား"
"...ဟမ် "
"အာဘွားပေးတာက လျှာထုတ်စရာလိုလို့လား .....သားကတော့ လျှာတစ်ခါမှမသုံးဖူးဘူး "
ရှင်းရှင်းသည် ထိုအကြောင်းကို အထူးပင် သိချင်နေခဲ့လေ၏။
"ဒါက လူကြီးကစားနည်းလေ...သားက ကလေးပဲရှိသေး..."
တစ်စုံတစ်ယောက်ထံမှ ခါးကြောလိမ်ဆွဲခံလိုက်ရသောကျန်းမင်ယွမ်က တစ်ဝက်တစ်ပျက်နှင့်ပင်စကားရပ်သွားတော့သည်။
"အင်း....သိပ်တော့လည်းမထူးဆန်းပါဘူး ဟုတ်တယ်....
ဖေဖေက သားနဲ့ကစားပေးမယ် လာ... လာ "
ရှင်းရှင်းသည် ၎င်းနှင့်ပတ်သက်ပြီး သံသယရှိနေဆဲဖြစ်သော်လည်း အတူကစားခြင်းက သူ့ကိုပိုဆွဲဆောင်နိုင်သည်။
ရှင်းရှင်းသည် အဖေဖြစ်သူနှင့်အတူ ဝေးရာသို့မသွားမီ ရှက်သွေးဖြာနေသောမိခင်အား တစ်ချက်မော့ကြည့်လိုက်သေး၏။
သားအဖနှစ်ယောက် သူမထံမှ ထွက်ခွာသွားပြီးနောက် ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမသည် ပါးပြင်များကို ပွတ်သပ်ကာ အသေအလဲခုန်နေသော နှလုံးကို ငြိမ်သက်အောင် ကြိုးစားအားထုတ်ခဲ့လေ၏။ ထို့နောက် ချန်းဟွမ်သည် ဘာမှမဖြစ်ခဲ့သောလေသံဖြင့် "နေ့လည်စာချက်တော့မယ်...နှစ်ယောက်သား စားချင်တာရှိကြလား "
CITEȘTI
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
Ficțiune generalăwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်