(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.3K 91 0
                                    

Chapter 204

ချန်းဟွမ် က စားစရာများ ယူလာနေသည်ကို မြင်သောအခါ ကျန်းမင်ယွမ် ကလည်း ပန်းကန်များကို စားပွဲပေါ်တွင် အသင့်ပြင်ထားလိုက်သည်။ထို့နောက် မိသားစုသုံးယောက်လုံး ထမင်းစားပွဲ ဝိုင်းမှာ ထိုင်ပြီး ထမင်းစားလိုက်ကြသည်။

ထို့နောက် ကျန်းမင်ယွမ်မှာ အလုပ်သွားရမည်ဖြစ်၍ ချန်းဟွမ်က သူ့ကို အပြင်လိုက်ပို့ကာ ဓာတ်လှေကား အတူစောင့်‌နေရင်း ပြောလိုက်သည်။

“ကျွန်မအတွက် ပန်းတွေ ထပ်ယူစရာ မလိုတော့ဘူး...”

ကျန်းမင်ယွမ် အနည်းငယ် ထိတ်လန့်သွားရကာ မေးလိုက်သည်။

"အင်း...ဒါဆို ဘာကြိုက်လဲဟင်..."

"ရပါတယ်...နောက်ဆို ကျွန်မအတွက် ဘာမှ မယူလာပါတော့နဲ့...."

ကျန်းမင်ယွမ် သူမစကားကြောင့် အနည်းငယ် စိုးရိမ်မိသွားရကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"သေချာလို့လား..."

စကားပြောနေရင်း ဓါတ်လှေကားတံခါးက ပွင့်လာရလေသည်။ ချန်းဟွမ်က  သူမတစ်ကယ် မလိုချင်သည်မှာ သေချာကြောင်း ‌ခေါင်းခါပြလိုက်သည်။

"အဲဒါကို တွေးမနေနဲ့တော့...အလုပ်သွားတော့လေ..."

ကျန်းမင်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်။

***

မနက်စာစားပြီးနောက် ရှင်းရှင်းသည် သူ့အရုပ်များနှင့် ကစားချင်ကြောင်း ချန်းဟွမ်ကို ပြောလာသဖြင့် သူမက ရှင်းရှင်းကို  အပေါ်ထပ်သို့ လိုက်ပို့ပေးလိုက်၏။အပေါ်ထပ်ရောက်သောအခါ ရှင်းရှင်းသည် အရုပ်များနှင့် ကစားနေပြီး ချန်းဟွမ်ကလည်း ဖုန်းဖြင့် ဂိမ်းကစားနေလိုက်သည်။

ချန်းဟွမ်သည် အချိန်အတော်ကြာ ဂိမ်းကစားပြီးနောက် ဖုန်းကို ချထားလိုက်သောအခါ ရင်ထဲတွင် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမက နေ့လယ်စာပြင်ဆင်ရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။ ရှင်းရှင်းသည် နေ့လယ်စာစားပြီးနောက် တစ်ဖန် အရုပ်များနှင့် ပြန်ကစားလေသည်။  မူလက ချန်းဟွမ်သည်လည်း ဖုန်းသုံးနေရာမှ နောက်ပိုင်းတွင်  ဖုန်းကို အိတ်ကပ်ထဲထည့်ကာ အပေါ်ထပ်သို့ တက်၍ စာကြည့်ခန်းထဲ၌ စီမံခန့်ခွဲရေး စာအုပ်များကို ရှာဖွေကြည့်လိုက်သည်။ကျန်းမင်ယွမ်‌ ပြောပြီးကတည်းက ဆိုင်ခွဲ စားသောက်ဆိုင်များ ဖွင့်ရန် သူမ တွေးနေခဲ့လေသည်။ ယခု သူမတွင် အရင်းအနှီးမလုံလောက်သော်လည်း လေ့လာထားရုံနှင့်တော့ ဘာမှ ဖြစ်မသွားနိုင်ပေ။ထို့အပြင် အရင်းအနှီးရှိလာသည့် အချိန်တွင် အထောက်အကူဖြစ်လာနိုင်သည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora