Chapter 242
Chapter 242February 16, 2023ထန်းယွမ် စားပြီးသောအခါ ချန်းဟွမ် ပန်းကန်များဆေးကြောလိုက်သည်။ ထို့နောက် သူမတို့နှစ်ယောက်သည် နှစ်သစ်ကူးလက်ဆောင်များကို ကားနောက်ခန်းထဲသို့ တင်ပြီးနောက် ရှင်းရှင်းကိုနှိုးကာ နှစ်သစ်ကူး နှုတ်ခွန်းဆက်ရန် သွားကြလေသည်။
ကျန်းမင်ယွမ် ၏ ဆွေးမျိုးများသည် မြို့ထဲတွင် ရှိနေကြသည်။သူသည် အစောပိုင်းက ပြဿနာများကြောင့် ဦးလေးအချို့နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ကျန်သူများမှာလည်း သိပ်ဆွေမျိုးမနီးစပ်သဖြင့် အလည်အပတ်သွား ရောက်ရန် မလိုအပ်ပေ။ အလည်သွားမည့်သူများမှာ အဘိုးကြီး နှင့် သူ၏ သားသမီးများဆီ ဖြစ်သည်။
ကြက်တူရွေးကလေး သုန်းသုန်းမှာ စင်္ကြံတစ်လျှောက် ရှိနေဆဲပင်။ယခုအခေါက်တွင် သူက ရှင်းရှင်း ကို မှတ်မိပြီး နှုတ်ဆက်လိုက်သည်။
"ဟာ... လူချောလေး... မင်းပြန်လာပြီ..."
ရှင်းရှင်း က ဝမ်းသာအားရဖြင့် လက်ပြနှုတ်ဆက်လိုက်ပြီး လက်ဆောင်ဘူးကို ပွေ့ပိုက်ထားသည်။
"ဘိုးဘိုးကြီးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား သွားပြောရမယ်... နောက်မှ မင်းနဲ့ ကစားဖို့ ပြန်လာခဲ့မယ်နော်...."
"ငါ့ကို ပွတ်သပ်ပေးပါဦး..."
ရှင်းရှင်းက သူ့ကို နှစ်ကြိမ်ခန့် ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။
"အခုတကယ် သွားရတော့မယ်..."
“လာကစားဦးနော် လူချောလေး...."
**
ရှင်းရှင်းနှင့် ကြက်တူရွေးကလေးသည် တံခါးဝနားတွင် ငြင်းခုံနေကြသည်။ နောက်ဆုံးတွင် အခြားဧည့်သည်များ လည်း ရောက်ရှိလာသဖြင့် သူတို့နှစ်ယောက်မှာ အနှောင့်အယှက်ဖြစ်သွားရလေသည်။
ဧည့်သည်မှာ အဘိုးကြီး၏ မြေးမ,ဖြစ်သည်။ သူမသည် အသက်၄၀ကျော်အရွယ်ဖြစ်ပြီး တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးဖြစ်လေသည်။ ပါမောက္ခရာထူးသည် အလွန်လေးစားထိုက်သော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်သော်လည်း စီးပွားရေးသမားများသာ ရှိသော မိသားစုဝင်များသည် ချမ်းသာကြွယ်ဝမှုဖြင့် အခြားသူများကို အကဲဖြတ်လေ့ရှိကြသည်။ထို့အပြင် ကောလိပ်ပါမောက္ခ တစ်ယောက်သည် သူတို့လောက် ငွေမရှာနိုင်ဟု ခံစားရသဖြင့် သူမကို သိပ်ဂရုမစိုက်ကြပေ။ သူတို့က သူမကို လျစ်လျူရှုထားကာ သူတို့ မည်မျှငွေရှာနိုင်သည်ကို ညည်းညူသလိုပင် ပြောဆိုနေကြလေသည်။ထို့ကြောင့် သူမကလည်း ဆွေမျိုးများနှင့် ရင်းနှီးရန်မကြိုးစားဘဲ မိသားစုဝင်များနှင့်သာ ခင်မင်ရင်းနှီးလေသည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်