Chapter 194
ရှင်းရှင်းက သွားတိုက်ပြီးနောက် ကြက်ဥလိပ်စားရန် မီးဖိုခန်းထဲသို့ ပြန်လာသော်လည်း ကံမကောင်းစွာနှင့် မနက်စာစားချိန် ရောက်နေပြီဖြစ်၍ ကြက်ဥလိပ်ကို အလွတ်မစားလိုက်ရပေ။ထို့ ကြောင့် သူ့ကို မနှိုးသည့်အတွက် ကျန်းမင်ယွမ်နှင့် ချန်းဟွမ်ကို စိတ်ဆိုးသွားရလေသည်။
မနက်စာစားပြီးသောအခါ တစ်မိသားစုလုံး တိုက်ခန်းထဲမှ ပစ္စည်းများကို စတင်ထုပ်ပိုးကြသည်။ ၆လတာကာလအတွင်း ဒုတိယအကြိမ်အဖြစ် ချန်းဟွမ် အထုပ်များပြန်ထုပ်ပိုးရခြင်း ဖြစ်လေသည်။သူမက အဝတ်အစားများကို အရင်ဦးစွာ ထုပ်ပြီး အပြင်မှာ အရင်ထုတ်ထားလိုက်သည်။အသုံးမပြုသော မီးဖိုချောင်သုံးပစ္စည်းများကို သယ်လျှင် မကွဲရှစေရန် စက္ကူများခံထား၍ ထုပ်ပိုးထားလေသည်။ထို့နောက် ထိုပစ္စည်းများကို ကြိုးတစ်ချောင်းဖြင့် ချည်နှောင်လိုက်ကာ သေတ္တာကြီးတစ်ခုထဲ ထည့်ထားလိုက်လေသည်။
ချန်းဟွမ် စားပွဲကို သန့်ရှင်းရေး လုပ်ပြီးသောအခါ ဆေးကြောထား သော ပန်းကန်ပြားများနှင့် ပန်းကန်ခွက်ယောက်များကို သေတ္တာ ပေါ်တွင် ချည်ထားလိုက်သည်။
ကျန်းမင်ယွမ် သည် အိမ်ပြောင်းသည့်အခါတိုင်း သူကလက်တစ်ချောင်းပင် မလှုပ်ရှားရသည့်အတွက် သူဘာလုပ်ရမှန်း မသိကာ မတ်တပ်ရပ်နေလေသည်။ ရှင်းရှင်း တောင်မှ သူ့အဝတ်အစားများကို ခေါက်ပြီး ခရီးဆောင်အိတ်ထဲမှာ ထည့်နေသည်။
သေချာသည်မှာ အသာနေနေရသည့်အတွက် အကျင့်ဆိုးတစ်ခုဖြစ်လာခြင်းပင် ဖြစ်လေသည်။
သားအမိနှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် ဖေးမကူညီကြပြီး မကြာမီ အဝတ်အစားများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ထုပ်ပိုးပြီးသွားကြ၏။ ထို့နောက် သူတို့က အိပ်ယာခင်းများကို ထပ်ပြီးထုပ်ပိုးနေကြလေသည်။
ကျန်းမင်ယွမ် အိမ်ထဲတွင်လမ်းလျှောက်နေရင်း ရှင်းရှင်း ၏ ကစားစရာများကို ထုပ်ပိုးရမည်ဟု တွေးမိသွားရသည်။ ၆လကြာပြီးနောက် ရှင်းရှင်း သည် အရုပ်မရှိသော သနားစရာကောင်းသည့် ကလေးမဟုတ်တော့။ အခု သူ့တွင် အရွယ်အစားအမျိုးမျိုးရှိသည့် အရုပ်များပြည့်နေသည့် အခန်းတစ်ခန်း ရှိနေပြီ ဖြစ်သည်။အရုပ်အကြီးများမှာ ရှင်ရှင်းထက်ပင် ပိုကြီးကြပြီး အရုပ်သေးသေးလေးများမှာ လက်ဖဝါး အရွယ်ရှိ၍ ထုပ်ပိုးရသည်မှာ အလွန်လက်ဝင်လေသည်။
အိမ်ပြောင်းရန်အတွက် ချန်းဟွမ်က ကတ်ထူသေတ္တာများကို ယူလာခဲ့ပြီး ထောင့်တစ်နေရာတွက် စုပုံထားလေသည်။
ကျန်းမင်ယွမ် က ယခုကဲ့သို့အောက်ခြေသိမ်းအလုပ်များ လုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။သူက ကတ်ထူပုံးများကို တိပ်ဖြင့် ကပ်၍ သေတ္တာလုပ်လိုက်ပြီး အရုပ်များ တစ်ခုပြီးတစ်ခု ထည့်ထားလိုက်သည်။ အရပ်ထည့်ရာတွင်လည်း သူငယ်ငယ်ကအတိုင်းပင် စူပါဟီးရိုးများအား တိရစ္ဆာန်အရုပ်များနှင့် ရောနှောမထားဘဲ ခွဲထည့်ထားလေသည်။
ကျန်းမင်ယွမ် အရုပ်များထည့်ပြီးသောအခါ ချန်းဟွမ်လည်း ပစ္စည်းများ ထုပ်ပိုးပြီးပြီဖြစ်လေသည်။ လွန်ခဲ့သော ၆ လက သူမတို့အိမ်ပြောင်းလာစဉ်နှင့် ယှဉ်လိုက်ပါက ယခုအခေါက်တွင် ဧည့်ခန်းတစ်ဝက်နီးပါးရှိသော သေတ္တာများ၊ပစ္စည်းပစ္စယများ ပိုများလာခြင်း ဖြစ်လေသည်။
ကျန်းမင်ယွမ်က နောက်ဆုံး အရုပ်သေတ္တာကို ထုတ်ပိုးလိုက်ပြီး လက်ဆေးကာ ကားမောင်းသမားကို ဖုန်းခေါ်လိုက်သည်။
ကားမောင်းသမားမှာ အောက်ထပ်တွင်စောင့်နေရာမှ အပေါ်ထပ်တက်လာကာ ပစ္စည်းများ ကူသယ်ပေးလိုက်လေသည်။သားအမိနှစ်ယောက်၏ နေ့စဉ်သုံးပစ္စည်းများကို ဖယ်ရှားပြီးနောက်တိုက်ခန်းကလေးသည် ယခင်ကထက် ရှင်းသွားကာ မော်ဒန်အိမ်တစ်လုံးနှင့် တူနေပေသည်။
“ဒီမှာ အကြာကြီးနေဖို့ စိတ်ကူးထားခဲ့တာ.... နောက်ဆုံးတော့ ကျွန်မတို့ ဒီမှာ ၆ လပဲ နေခဲ့ရတာပဲ..."
ပစ္စည်းများကို ထုပ်ပိုးခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။တစ်မနက်လုံး အငြိမ်မနေရသဖြင့် ချန်းဟွမ်တစ်ကိုယ်လုံး နာကျင်နေသဖြင့် သူမက အကြောဆန့်လိုက်ပြီး ပြောလိုက်သည်။
“နောက်တစ်ခါ ထပ်မပြောင်းရရင် ကောင်းမှာပဲ..."
“အဲဒါပြောဖို့တော့ ခက်တယ်... နောက်တစ်ခါ ရှိရင်လည်း ရှိလာမှာပေါ့...”
ကျန်းမင်ယွမ်က ညစ်ပတ်နေသော ဆိုဖာနှင့် ကော်ဖီစားပွဲကို သုတ်လိုက်ရင်း ပြောလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ကျွန်မက ဘာလို့အမြဲပြောင်းနေရမှာလဲ..."
ချန်းဟွမ်က ကျန်းမင်ယွမ်၏ အညိုရောင်မျက်လုံးများကို ကြည့်လိုက်ရင်း သူဘာဆိုလိုသည်ကို သဘောပေါက်သွားရသည်။
"အရူးမထစမ်းပါနဲ့..."
သူမက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်လေသည်။
Xxx,xxxxxx
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်