chapter 243

960 58 0
                                    

Chapter 243
Chapter 243February 16, 2023

ကျန်းမင်ယွမ်တို့ မိသားစုသည် အဘိုးကို နှုတ်ဆက်ပြီးနောက် သူ၏ သားသမီးများကို နှုတ်ဆက်လိုက်ကြသည်။ ချန်းဟွမ် နှင့် ကျန်းမင်ယွမ် တို့ နှုတ်ဆက်စကား ပြောပြီးသောအခါ  နေ့လည်စာစားချိန် နီးကပ်နေပြီဖြစ်သည်။

ကျန်းမင်ယွမ်သည် လေးဝမ်းကွဲ အစ်ကိုထံတွင် နေ့လည်စာစားရန် မနေ့ကတည်းက စီစဉ်ထားပြီးဖြစ်သည်။ ဝမ်းကွဲအစ်ကိုတို့ ဇနီးမောင်နှံသည် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေသူများ ဖြစ်ကြသည်။ချန်းဟွမ် သည် ဆွေမျိုးများ၏ စပ်စုနေသော အကြည့်တို့အောက်တွင် အေးဆေးစွာပင် နေ့လည်စာကို သင့်တင့်ရုံ စားလိုက်သည်။

သူတို့အားလုံး နေ့လယ်စာစားပြီးနောက် မာဂျောင် ကစားချင်သူအားလုံး လူစုလိုက်ကြသည်။

ထိုအချိန်တွင် ချန်းဟွမ်သည် မနေ့က မာဂျောင်ကစားရာတွင် ပါသမျှ ပိုက်ဆံအားလုံး ရှုံးခဲ့ရသည့် လူတစ်ယောက်ကို သတိပြုမိလိုက်သည်။သူက မာဂျောင် မကစားချင်ဘူးဟု ငြင်းလိုက်ကာ သူ ယခုတစ်လော ကံမကောင်းနေသဖြင့် ကစားလည်း ရှုံးလိမ့်မည်ဟု ပြောနေလေ၏။

ရှုံးသွားသည်မှာ ပိုက်ဆံအများကြီးမဟုတ်သော်လည်း နှစ်သစ်ကူးနေ့တွင် ရှုံးရခြင်းမှာ ကောင်းသည့်လက္ခဏာမဟုတ်ပေ။ စီးပွားရေးလုပ်သူတိုင်း အယူသီးတတ်ကြပြီး သူက ထိုသို့ပြောလိုက်သည့်အခါ အခြားသူများကလည်း မကစားချင်ကြောင်း ပြန်ပြောကြလေသည်။

ထို့နောက် သူတို့သည် စကားလမ်းကြောင်းလွှဲလိုက်ခါ စီးပွားရေးအကြောင်း ပြောင်းပြောကြပြီး သူတို့ စီးပွားရေးလုပ်ငန်းများ အကြောင်းကို ညည်းညူနေကြသည်။ ထိုလူများ ညည်းတွားနေချိန်တွင် ကျန်းမင်ယွမ်မှာ ငြိမ်နားထောင်နေပြီး သူ့ကို အကူအညီတောင်းသည့်အခါလည်း သူက မသိချင်ယောင်ဆောင်နေကာ တခြားစကားကို ပြောင်းပြောလိုက်သည်။

ခြုံပြောရလျှင် အစ်ကိုဝမ်းကွဲအနားတွင် နေခဲ့သည့် တစ်ချိန်လုံး အခြားသူများမှာ ကျန်းမင်ယွမ်ထံမှ ဘာကိုမှ သိခွင့်မရကြပေ။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now