(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.4K 101 0
                                    

Chapter 200

စကားပြောလိုက်သူမှာ အနက်ရောင် ကုတ်အင်္ကျီကို ခြေသလုံးများဖုံးအောင် ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဖြန့်ချထားသော ဆံပင်ရှည်များရှိကာ လှပသူ ဖြစ်လေသည်။

ချူးရန်ကို မ‌တွေ့ရသည်မှာ အတော်ကြာသွားပြီ ဖြစ်သည်။

ချူးရန်သည် လွန်ခဲ့သော ရက်အနည်းငယ်က တော်တော် ပင်ပန်းခဲ့ရှာသည်။အမေကျန်းက သူမနှင့် ကျန်းမင်ယွမ်ကို မိတ်ဆက်ပေးခဲ့သဖြင့် ချူးမျိုးရိုးမှ ကျန်းမျိုးရိုးဖြစ်လာရန် သူမ၏ အခွင့်အရေးပင် ဖြစ်တော့သည်။  နောက်ဆုံးတွင် သူမနှင့်သူ အိမ်ထောင်မကျခဲ့ဘဲ ကျန်းမင်ယွမ်က သူမကို စော်ကားမော်ကားပြုမူခဲ့လေသည်။ ကျန်းမင်ယွမ်သည် ဓာတ်ပုံကိစ္စနှင့် ပတ်သက်၍ ချူးရန် ထံ မက်ဆေ့ချ် ပေးပို့ခဲ့ပြီး အဖေ ချူး တွေ့သွားသည့်အခါ ဒေါသထွက်ခဲ့သည်။အဖေ ချူးသည် သူမကို အလွန်စိတ်ဆိုးသွားပြီး အိမ်ခေါ်၍ ဆူပူပြီးနောက် သူမ၏ ခရက်ဒစ်ကတ်ကို ပိတ်ပစ်လိုက်ကာ အစ်ကိုဖြစ်သူကိုမူ ‌ဖူးဖူးမှုတ်ထားလေသည်။

လွန်ခဲ့သည့် တစ်စက္ကန့်အထိ ကျန်းမင်ယွမ်က အဘယ်ကြောင့် သူမကို လက်မခံရသည်ကို နားမလည်နိုင်ခဲ့သော်လည်း မိသားစုဆင်တူဝတ်စုံဝတ်ထားသည့် လူသုံးယောက်ကို တွေ့လိုက်သောအခါ သူမနားလည်သွားရသည်။

ဒါကို အမေ ကျန်း က သတိထားမိလား... အမေ ကျန်း က အရင်ပုံစံအတိုင်း ချွေးမကို ရွေးထားတာတော့ ဟုတ်ပုံမရဘူး...

သူမက ထိုသို့တွေးနေရင်း နှုတ်ခမ်ဖျားတို့ လှုပ်ခါသွားရသည်။ မည်သို့ပင်ဆို‌စေ ထိုအတွေးများအားလုံးတို့သည် သူမနှင့် လားလားမှ မသက်ဆိုင်တော့ချေ။

"မတွေ့တာကြာပြီနော်...”

ချူးရန်က ဆံပင်ကို နားရွက်နောက်သို့ ညှပ်ထားလိုက်ပြီး ပြောလေသည်။ထို့နောက်သူမက နူးညံ့သိမ်မွေ့စွာ ပြုံး၍  ချန်းဟွမ်ကို ကြည့်လိုက်ကာ မေးလိုက်သည်။

"ဒါက..."

"ကျွန်တော့်ရည်းစားလေ..."

ကျန်းမင်ယွမ်၏အဖြေသည် ချူးရန် မျှော်လင့်ထားသည့်အတိုင်း ထွက်မလာပေ။ ကျန်းမင်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူမကို ယဉ်ကျေးစွာ မေးလိုက်သည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now