chapter 259

987 58 2
                                    

Chapter 259
Imperial MeowFebruary 16, 2023
Chapter 259





ကျန်းမင်ယွမ် က ဖောင်းပွနေသည့် သူမ ဆံပင်ကို အကြည့်လွှဲလိုက်ကာ သူမကို ပြောလိုက်သည်။





"ဒီနေ့ မင်းကြည့်ရတာ တစ်မျိုးဖြစ်နေသလိုပဲ…မင်းအကြောင်း အွန်လိုင်းမှာ ပျံ့နေတဲ့ ကောလဟာလတွေကြောင့်လား…"





ချန်းဟွမ်က တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။





"အဲဒါနဲ့ ပတ်သက်ပြီး ရှင့်ကို ကျွန်မ တောင်းပန်ရမယ်…တစ်ကယ်ဆို ရှင့် ဂုဏ်သိက္ခာအတွက် ကျွန်မ အဲ့လိုတွေ လုပ်ခဲ့ဖို့ မသင့်ပါဘူး…"





ကျန်းမင်ယွမ်က သူမကို ဆွဲထူလိုက်ပြီး ခုံပေါ် ဝင်ထိုင်လိုက်ကာ သူမအား ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။





"ဒါပေမယ့် သူတို့ ပြောတာမောရင် ရပ်သွားလိမ့်‌မယ်လေ…သူတို့စကားတောင် ပြောပြီး မေ့တတ်တဲ့သူမျိုးတွေပါ…သူတို့ မကြာခင် သတိတောင်ထားမိမှာ မဟုတ်ဘူး…"





ကျန်းမင်ယွမ်က သူမပါးကို ပွတ်သပ်လိုက်ပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။





"ဘာပဲဖြစ်ဖြစ် ရှင်းရှင်းက အရေးကြီးဆုံးပဲ… မင်းဘယ်လိုလူလဲဆိုတာ ကိုယ်သိပါတယ်…"





ချန်းဟွမ် အနည်းငယ် ပြုံးလိုက်မိသည်။



"ပြောပါဦး…ကျွန်မက ဘယ်လိုလူလဲ…"





"မင်းက အရမ်းလှပြီး ချစ်စရာကောင်းတယ်လေ…ပြီးတော့ ဟင်းချက်ကောင်းတဲ့  စားဖိုမှူးကောင်းတစ်ယောက်…ပြီးတော့  ကိုယ်ချစ်ရတဲ့သူပေါ့…"





သူက ပြောပြောဆိုဆို ချန်းဟွမ်  နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။









"ပြီးတော့ မင်းက ဇနီးကောင်းတစ်ယောက်…"





ချန်းဟွမ်  ရှက်သွားရပြီး‌ ခေါင်းကို ငုံ့ထားလိုက်မိသည်။ကျန်းမင်ယွမ်က သူမ၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ကို အထပ်ထပ်အခါခါ နမ်းပစ်လိုက်သည်။သူမကလည်း သူအနမ်းများကို အရှုံးပေးလိုက်ပြီး သူ့ကို ပြန်နမ်းလိုက်မိသည်။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now