Chapter 216
Chapter 216February 12, 2023ကျန်းအုပ်စု၏အားလပ်ရက်များသည် ၂၉ ရက်နေ့မှ စတင်မည်ဖြစ်ပြီး နှစ်ပတ်လည်ပါတီသည် အလုပ်ဆင်းသည့်နောက်ဆုံးနေ့ဟု ဆိုရမည် ဖြစ်သည်။
၎င်းတို့၏ အားလပ်ရက်ကို စတင်နေပြီဖြစ်ကြသော ဝန်ထမ်းများသည် အရက်သောက်လိုက်သောအခါ ပို၍ပင် စိတ်အေးလက်အေး ဖြစ်သွားကြလေ၏။
ဤကဲ့သို့သောအချိန်မျိုး၌ အထက်လူကြီးနှင့် လက်အောက်ငယ်သားဟူ၍ အရိပ်အခြည်ကြည့်နေစရာမလိုပေ။အမြဲတစေစောင့်ထိန်းတတ်သူ ကျန်းမင်ယွမ်ပင်လျှင် အရက်များသောက်ခဲ့သည်။
သူသည် သောက်နိုင်သမျှသောက်ပြီး ညနေစောင်းချိန်တွင် မူးနေခဲ့ပြီဖြစ်လေသည်။
အရက်မူးနေသော ကျန်းမင်ယွမ်သည် ခါတိုင်းနှင့် သိပ်မခြားနားပေ။သူ၏ပါးပြင်များက နီရဲနေခြင်းမရှိသကဲ့သို့ အာလေးလျှာလေးလည်း ဖြစ်မနေချေ။
လမ်းလျှောက်သည့်ပုံစံမှာလည်း သာမန်ဖြစ်ပြီး ယိုင်ထိုးမနေပေ။
ကျန်းမင်ယွမ်အကြောင်း ကောင်းကောင်းသိသော သူများသာလျှင် ရီဝေဝေဖြစ်နေသောမျက်ဝန်းများမှတစ်ဆင့် အရက်မူးနေပြီဖြစ်ကြောင်းကို မှန်းဆနိုင်မည်ဖြစ်လေသည်။
ချီရှန်သည် သူဌေးနှင့်အတူ ပွဲများစွာကို တက်ရောက်ဖူးပြီး သူဌေး၏တုံ့ပြန်မှုများကို ရင်းနှီးကျွမ်းဝင်လှ၏။
သူ၏သူဌေးဖြစ်သူမှာ အလွန်မူးနေပြီဖြစ်ကြောင်း ချီရှန်က သိသည်။ ထို့ကြောင့်ပင် အိမ်ပြန်ပို့ရန် ဆုံးဖြတ်ခဲ့လေ၏။
နှစ်ပတ်လည်ပါတီပွဲကျင်းပသည့်ဟိုတယ်သည် ကျန်းမင်ယွမ်၏တိုက်ခန်းမှအနည်းငယ်လှမ်းပြီး ကားဖြင့် မိနစ်နှစ်ဆယ်ခန့်သွားရသည်။
မကြာသေးမီက သာမန်ဖြစ်နေသောကျန်းမင်ယွမ်သည် ကားနောက်ခန်းထဲ၌ အိပ်ပျော်နေပြီဖြစ်၏။
ချီရှန်နှင့် ဒရိုင်ဘာတို့က ထွက်လာကြပြီး ကျန်းမင်ယွမ်အား ကားထဲမှ ဆွဲထူကြသည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်