Chapter 175
ကုမင်လီသည် ကျန်းမင်ယွမ်၏ လေသံကြောင့် ပို၍ပင် စိတ်တိုလာရသည်။
"အဲဒါ ဘာကိုဆိုလိုတာလဲ.... အမေက သားမျက်လုံးထဲမှာ အပြင်လူပဲလား..."
ကျန်းမင်ယွမ် က သူမမေးခွန်းကို မဖြေဘဲ အသံတိတ်သွားသည်။ ထိုတိတ်ဆိတ်မှုကပင် သူမကို ပိုထိတ်လန့်စေလေသည်။ သူမ ဖုန်းကို အမြန်ချလိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် မထိန်းနိုင်တော့။
" မဖြစ်နိုင်ဘူး.... ငါက သူ့အမေပဲ... အပြင်လူမှ မဟုတ်တာ…”
ထို့နောက် သူမက လီခန်းယီကို ဖုန်းပြန်ခေါ်ပြီး ခါတိုင်းကဲ့သို့ပင် မာနထောင်လွှားသည့် လေသံနှင့် ပြောလိုက်လေ၏။
“မင်ယွမ်က မင်း အလုပ်လုပ်ပုံ မဟုတ်ဘူးလို့ ပြောတယ်...အလုပ်က သူ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိတယ်မလား...အဲ့ဒီတော့ ငါ မင်းကို အစားပြန်ပေးမယ်...."
"ယွမ် ၁၀ သန်း ဆိုရင် ဘယ်လိုလဲ..."
ချန်းဟွမ်သည် ကျန်းမင်ယွမ် ဘာတွေဖြစ်ခဲ့သည်ကို မသိလိုက်ပေ။ သူမသည် ကလေးကို ကျောင်းပို့၊ဆိုင်သွား၊ကုန်စုံဆိုင်သွား၊ ရှင်းရှင်းကို ကျောင်းကြို....စသည်ဖြင့် သူမ၏ လုပ်ရိုးလုပ်စဉ်အတိုင်း လည်ပတ်နေခဲ့သည်။
ရှင်းရှင်းလေးက ယခုတစ်လောအနည်းငယ် စိတ်ဓာတ်ကျနေပုံရပြီး ခါတိုင်းလို မတက်ကြွကြောင်း သတိပြုမိသည့်အတွက် သူမ ရှင်းရှင်းကို ပွေ့ချီပြီး မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ...သား ဘာလို့ မျက်နှာမကောင်းရတာလဲ..."
သူမက ထိုင်ချလိုက်ပြီး ရှင်းရှင်း ပျော်အောင် ကြိုးစားကြည့်သည်။
ရှင်းရှင်းက သူမနားတိုးကာ သူ့လက်ညှိုးကို ထောင်ပြလိုက်သည်။
“သားလက်က သွေးထွက်နေတယ်.....”
"ဘာဖြစ်သွားတာလဲ..မှန်းစမ်း...."
ချန်းဟွမ်က သားဖြစ်သူ သွေးထွက်နေသည်ကို မြင်ရလျှင် လန့်ဖျပ်သွားရသည်။ တခြားကလေးတစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည်ဟု သူမထင်မိသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ဒဏ်ရာမှာ အလွန်သေးငယ်သည်ကို တွေ့လိုက်ရသည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်