(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.2K 86 0
                                    

Chapter 211

"ဝင်လာခွင့်ပေးလိုက်"

“ဟုတ်ကဲ့ပါ” 

လက်ထောက်က ခေါင်းငြိမ့်ပြပြီး ရုံးခန်းထဲမှ ထွက်ခွာသွားသည်။ တံခါးကိုပိတ်လိုက်သည်နှင့် သူမ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားတော့၏။

ထိုလက်ထောက်က  ရုံးရှေ့ကောင်တာသို့ ကပြာကယာပြေးပြီး အကြောင်းသွားကြားလိုက်သည်။ သူမသည် ဤအကြောင်းအား အခြားသူများထံ ဖောက်သည်ချရန် မစောင့်ဆိုင်းနိုင်တော့ပေ။

  "သူဌေးက ပိုက်ဆံအိတ်ဝယ်သတဲ့.... လက်ဆောင်ပေးဖို့ပဲဖြစ်မယ် "

ထိုစကားအဆုံးတွင်

သူမ၏ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးက သက်ပြင်းချလိုက်သည်။ထို့နောက် ခေါင်းကိုငုံ့လျက် ကုလားထိုင်နောက်သို့မှီချလိုက်၏။

  “ မပြောပါနဲ့တော့...နှလုံးသားလေးနာကျင်နေပြီ "

"အိပ်မက်ကနေထပြီး အလုပ်သာလုပ်" 

သတင်းလိုက်ဖြန့်သော အမျိုးသမီးလက်ထောက်သည် အိမ်ထောင်ရှိပြီးသားဖြစ်၍ သူဌေးအား အသည်းအသန်ဖြစ်မနေပေ။

“ နှလုံးသားလေး နာကျင်နေလည်း

သူဌေးက နင့်အပိုင်ဖြစ်မလာဘူး...ဖြစ်လာမှာဘာလဲ သိလား...  အလုပ်ကိုလက်ကြောတင်းအောင်မလုပ်လို့  ဘောနပ်စ်လျှော့ခံထိတာမျိုးလေ"

ဘောနပ်စ်နုတ်ယူခြင်းသည် ဆိုသောအချက်သည် ထိရောက်သော ကုသရေးကိရိယာတစ်ခုဖြစ်လေသည်။ထိုလုပ်ဖော်ကိုင်ဖက်၏ နှလုံးသားမှာ ချက်ချင်းဆိုသလို အနာကျက်သွား၏။

သူမသည် စိတ်အားထက်သန်စွာဖြင့် မတ်မတ်ပြန်ထိုင်ကာ  အလုပ်ပြန်စလုပ်ခဲ့သည်။

အလုပ်လုပ်နေချိန်၌ သူမ၏စိတ်ထဲတွင် ယခုတစ်နှစ်စာ ဘောနပ်စ်ကို ခန့်မှန်းလျက် ရေတွက်နေခဲ့၏။

"ဘယ်လောက်လဲမသိပေမဲ့ များမှာတော့သေချာတယ် "

***

လက်ထောက်ထွက်သွားပြီး နှစ်မိနစ်အကြာတွင် Eleg မှ ဝန်ထမ်းတစ်ဦး ရောက်လာသည်။ သူမ၏လက်ထဲတွင် စက္ကူအိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီးတံခါးခေါက်လျက် အထဲသို့ဝင်လာ၏။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now