Chapter 231
Chapter 231February 13, 2023အဘိုးသည် အသက်အရွယ်ကြီးရင့်၍ မျက်စိသိပ်မကောင်းတော့ပေ။
ကျန်းမင်ယွမ် နိဒါန်းပျိုးပြီးနောက် အဘိုးကြီး
ချန်းဟွမ်နှင့် ရှင်းရှင်းကို ခဏတာဝေ့ဝိုက်ကြည့်လေသည်။နောက်ဆုံးတွင် သူသည် အကြိမ်အနည်းငယ် ရယ်မောလျက် "ဟုတ်ပါပြီ" ဟု ပြောခဲ့၏။
"မင်းဟာမင်း လက်တွဲဖော်ရှာနိုင်သွားလို့ဝမ်းသာပါတယ်...ငါလည်းစိတ်ဖြောင့်သွားတာပေါ့ ... မင်းအဖေက ဒီလိုမြင်ကွင်းကိုမကြည့်ဘဲနဲ့ အစောကြီးထွက်သွားတာကိုတော့ စိတ်မကောင်းဘူးကွာ ”
ကျန်းမင်ယွမ်အားမြင်နေရခြင်းက အဘိုးကို ဆုံးပါးသွားသည့် တူဖြစ်သူအား အောက်မေ့သတိရသွားစေသည်။
ထိုအခါ ကျန်းမင်ယွမ်၏အပြုံးများက ရုတ်ချည်းပျောက်ကွယ်သွားပြီး ငြိမ်ကုပ်ကုပ်ဖြစ်သွားတော့၏။
“ထားလိုက်ပါတော့ကွာ.... တခြားအကြောင်းပြောကြရအောင်"
အဘိုးက ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါကို ဆွဲထုတ်ပြီး နှာခေါင်းကို သုတ်ရင်းပြောလေသည်။
ထို့နောက်ကျန်းမင်ယွမ်တို့အား ထိုင်စေပြီး ရှင်းရှင်းအား လက်ယပ်ခေါ်ကာ ရှင်းရှင်းအား စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ကျန်းမင်ယွမ်ကို လှမ်းပြုံးပြပြီးပြောတော့သည်။
"မင်းငယ်ငယ်တုန်းက ရုပ်အတိုင်းပဲ "
ဤသည်ကို ရှင်းရှင်းက နားလည်မှုလွဲပြီး ဘုမသိဘမသိဝင်ယောင်လေ၏။
"ဟုတ်ကဲ့...သားလည်းအဲ့လိုပဲထင်ပါတယ် "
ကလေးလေး၏စကားက အဘိုးကြီးအား ဟက်ဟက်ပက်ပက်ရယ်မောစေသည်။
အဘိုးအိုက ရှင်းရှင်း၏နှဖူးကိုလက်ညိုးဖြင့်ထောက်ပြီး
“ကြည့်ပါဦး...ငယ်ငယ်လေးနဲ့ လည်နေလိုက်တာ"
ရှင်းရှင်းသည် အဘိုးကြီး ရယ်မောနေသည့်အကြောင်းအရင်းကို နားမလည်သော်လည်း အတူတူလိုက်ပါရယ်မောပေးခဲ့လေ၏။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်