(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

2.5K 138 0
                                    

Chapter 148
{ လုံခြုံမှု - ၃ }

" အရမ်းဝလာတယ်... သား ပြေးဖက်လိုက်တုန်း မေမေက အနောက်ကို အရှိန်နဲ့ ဆုတ်သွားတာကို တွေ့တယ်မလား... "

ချန်းဟွမ်သည် သားဖြစ်သူ၏ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်ရင်း ဆိုလိုက်သည်...

သူ့မေမေဆီမှ ရက်စက်သောစကားလုံးများ ကြားလိုက်ရချိန်တွင် ရှင်းရှင်းလေးသည် အနည်းငယ် တုန်လှုပ်သွားတော့၏... လက်ထဲတွင် ကိုင်ထားသောတင့်ကားလေးကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်းဖြင့် ဆိုဖာဆီသို့ လျှောက်သွားကာ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေတော့သည်...

ချန်းဟွမ်သည် ကလေးလေး၏အမူအရာကြောင့် အနည်းငယ်စိုးရိမ်သွားစောကြောင့်နှစ်သိမ့်ပေးရန် အနားသို့ လျှောက်လာခဲ့လိုက်၏... ထို့နောက် ကလေးလေးနားသို့ ထိုင်လိုက်ချိန်၌  ရှင်းရှင်းလေးသည် မိခင်လည်ပင်းကို အတင်းဖက်တွယ်ထားလိုက်ရင်း  " မေမေ... သား မဝဘူးမလား " ဟု ထပ်မံမေးမြန်းပြန်သည်...

ဒီတစ်ကြိမ်တွင်လည်း ချန်းဟွမ်သည် " အရမ်းဝနေတယ်... အတင်းမဖက်နဲ့ လွှတ် " ဟု အံကြိတ်ထားရင်းပြန်ဖြေလိုက်၏...

ယခုလို အခြေအနေတွင် ကလေးအတွက် အားကိုးချင်စရာအကောင်းဆုံးသူရဲကောင်းသည် ဖခင်ဖြစ်သူပင်... ထိုချိန်တွင် ချန်းဟွမ်သည် ကျန်းမင်ယွမ်ကို အချက်ပြလိုက်ပြီး ကလေးအနီးသို့ လာစေ၏... ထို့နောက်တွင် ကျန်းမင်ယွမ်နားသို့ ကပ်ကာ " သူ့ကို အရမ်းအလိုမလိုက်နဲ့ "ဟုသာ ဆို၏...

" စိတ်မပူပါနဲ့... " ကျန်းမင်ယွမ်သည် ထိုသို့ပြောပြီးနောက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့သားကို ဆိုဖာပေါ်တွင် သေချာပြန်ထိုင်စေပြီးနောက် ဆုံးမစကားဆိုတော့သည်...

ရှင်းရှင်းလေးသည် အဖေဖြစ်သူ၏ နာရီဝက်နီးပါး ဆုံးမစကားဆိုပြီးနောက်တွင်တော့ ကလေးလေးသည် မိခင်နှင့်အတူ ကစားဖို့ရာ အတင်းမပူဆာတော့ပါဘဲ  ကြမ်းပြင်ပေါ်တွင် သူတစ်ယောက်တည်းသာ တင့်ကား ကိုးစီးဖြင့် ပျော်ရွှင်စွာ ကစားနေတော့၏...

အားလပ်ရက်အပန်းဖြေခရီး ထွက်ကြခြင်းဖြစ်တာကြောင့် အခန်းထဲတွင်ပဲ တစ်နေကုန် နေမယ် မဟုတ်ပါလေ... သန္တာကျောက်နီကျွန်းသည် အပူပိုင်းဒေသတွင်တည်ရှိပြီး ယနေ့ အပူချိန်သည် ၃၃ဒီဂရီစင်တီဂရိတ်ဖြစ်သည်... နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည် ပြင်းပြင်းထန်ထန်ပါဝင်တာကြောင့် ချန်းဟွမ်သည် သူမကိုယ်သူမ နေရောင်ကာခရင်မ်များ လိမ်းလိုက်ပြီး ရှင်းရှင်းလေးအတွက် အဝတ်အစားနှင့်ဦးထုပ်တို့ ပြင်ဆင်ပေးလိုက်သည်...

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now