Chapter 214
ဓလေ့ထုံးတမ်းအရ နှစ်သစ်ကူးအကြိုစားသောက်ပွဲမကျင်းပမီ ရှေးဦးစွာ ဘိုးဘေးဘီဘင်များအရိုအသေပြုရလေသည်။
တစ်ဖက်တွင်မူ ကုမင်လီသည် သူမ၏ချစ်သူနှင့် ပွင့်လင်းမြင်သာစွာအတူရှိခွင့်ရရန် အနှစ်သုံးဆယ် စောင့်ဆိုင်းခဲ့ရသည်ဖြစ်ရာ နောက်ထပ်တစ်မိနစ်လေးပင်ထပ်မံ
မဖြုန်းတီးလိုတော့ပေ။
အမှန်အတိုင်းပြောရလျှင် သူမသည် ကွယ်လွန်သူခင်ပွန်းသည်အား ဖောက်ပြန်ခဲ့သည့်အတွက် အပြစ်ရှိသလိုခံစားနေရသည်။ထို့ကြောင့် သူ့ထံသို့သွားလည်ရန် စိတ်အားထက်သန်ခြင်းမရှိချေ။
"မင်းအဖေဆီ သွားလည်ပြီးပြီ"
ကုမင်လီသည် အမှန်တကယ်သွားရောက်ခဲ့ခြင်းမရှိသော်လည်း လိမ်ညာပြောရန် တုံ့ဆိုင်းမနေပေ။ ဖုန်းတစ်ဖက်မှ အမျိုးသမီးလေသံသည် ရုတ်ချည်းပျော့ပျောင်းသွားလေ၏။
ကုမင်လီက အနည်းငယ်ဟန်လုပ်ပြီး ချောင်းဆိုးပြကာ
“ဒီလိုအချိန်မှာ ထွက်မသွားချင်ပါဘူးကွယ်... နှစ်သစ်ကူးအကြိုကို သားနဲ့အတူတူ တကယ်ကို ဖြတ်သန်းချင်နေတာ...ဒါပေမဲ့သိတဲ့အတိုင်းပဲ ရာသီဥတုကလည်း သိပ်မကောင်းဘူးလေ...ဆရာဝန်ကလညပြောတယ် တတ်နိုင်သမျှအမြန်ဆုံးထွက်သွားသင့်တယ်တဲ့ .... အချိန်ဆွဲနေရင် ကျန်းမာရေးထိခိုက်လာနိုင်တယ်လို့ပြောတယ်လေ ”
ကုမင်လီစကားပြောနေစဉ်တွင် တစ်ဖက်မှကျန်းမင်ယွမ်၏အမူအရာမှာ ပို၍ပင် အေးစက်လာတော့သည်။
ကျန်းမင်ယွမ်က ခနဲ့ပြုံးပြုံးကာ ရေခဲတမျှအေးစက်သောလေသံဖြင့်ပြောလာ၏။
“ဟုတ်ပါပြီ...ကျွန်တော်နားလည်ပြီ...နှစ်သစ်မှာ အလုပ်ရှုပ်နေမှာဆိုတော့ မြန်မြန်ပြန်ကောင်းလာပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်”
“ရပါတယ်ကွယ်.. ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ ”
နဂိုကတည်းက လိုက်ချင်စိတ်မရှိသော ကုမင်လီသည် ကျန်းမင်ယွမ်၏စကားကြောင့် အလွန်ပင် အားရကျေနပ်သွားတော့သည်။သူမက စကားချိုချိုကလေးများကို ကရားရေလွှတ် တဖွဖွပြောနေတော့၏။
BẠN ĐANG ĐỌC
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
Tiểu Thuyết Chungwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်