Chapter 190
ချန်းဟွမ်သည် သံသယစိတ်ဖြင့် ရှင်းရှင်းအနား လျှောက်လာသည်။ အော်ဒါမှာထားသည့် ပစ္စည်းတစ်ခုခုကို လာပို့ပေးသည်ဟု သူမထင်ထားသော်လည်း ကြက်သွေးရောင် နှင်းဆီပန်းစည်းကြီးကို သူမ တွေ့လိုက်ရသည်။
"ဒါကို ဘယ်သူပေးလိုက်တာလဲ...သား..."
ချန်းဟွမ်သည် ပန်းစည်းကို ကောက်ယူကြည့်လိုက်သော်လည်း အတွင်းဘက်တွင် ကဒ်တစ်ခုနှင့် ဆင်တူသည့် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။
“ဦးလေးတစ်ယောက်လေ...”
"အဲ့ဒီဦးလေးက ဘယ်လိုပုံစံလဲ..."
ရှင်းရှင်း က စဉ်းစားလိုက်သော်လည်း ထိုဦးလေးနှင့် တွေ့လိုက်ရသည်မှာ ခဏသာဖြစ်၍ သူမမှတ်မိတော့ပေ။သူက ရှည်ရှည်ဝေးဝေး တွေးနေသော်လည်း အဆုံးတွင် ခေါင်းခါပြလိုက်သည်။
"သားလည်း မသိဘူး..."
ချန်းဟွမ် "……"
မူလချန်းဟွမ်သည် ယခင်က ရှုပ်ထွေးပွေလီလှသော ဆက်ဆံရေးအချို့ရှိခဲ့သော်လည်း သူမကူးပြောင်းလာကတည်းက ထိုအဆက်အသွယ်အားလုံးကို အနည်းနှင့်အများ ဖြတ်တောက်ခဲ့ပစ်သည်။ထို့ကြောင့် သူမ၏ လိပ်စာအသစ်ကို သိပ်မသိကြခြင်းပင်။ သူမ အသိမိတ်ဆွေများထဲမှ အိမ်ထောင်သည်များနှင့် ကလေးများကို ဖယ်ထားလိုက်လျှင် ကျန်နေသူမှာ ကျန်းမင်ယွမ် ဖြစ်လေသည်။
ဒါပေမယ့် သူက ဘာလို့ ပန်းတွေ ပို့ရတာလဲ....
ချန်းဟွမ် က ကျန်းမင်ယွမ် မဖြစ်နိုင်ဟု ခံစားရသည်။ သူသည် တစ်နှစ်လျှင် ၃၆၅ ရက်ပတ်လုံး အလုပ်များနေသူဖြစ်၍ ပန်းစည်းပေးသည်မှာ မဖြစ်နိုင်ပေ။ထို့နောက် သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စားပွဲပေါ်သို့ ပန်းစည်းကို တင်ထားလိုက်၍ အိပ်ခန်းထဲသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ထို့နောက် သူမ ဖုန်းထဲမှ မကြာသေးမီက ဆက်သွယ်ထားသော ဖုန်းနံပါတ်များကို ရှာကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
"ရှင်… လူတစ်ယောက်ကို ပန်းတွေ လာပေးခိုင်းလိုက်တာလား...”
"ဟုတ်တယ်...မင်း ပန်းတွေကို တွေ့ပြီလား..."
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်