Chapter 227
Chapter 227February 12, 2023ကျန်းမင်ယွမ်စကားတစ်လုံးသာပြောနိုင်ခဲ့ပြီး ကျန်ရှိသည်များကို မျိုချလိုက်ရပေသည်။
ချန်းဟွမ်က လည်ဂုတ်ကိုကိုင်ဆွဲထားသောကြောင့် ရှောင်လွှဲရန်လည်း မဖြစ်နိုင်ပေ။
ယခုတစ်ကြိမ်အနမ်းသည် မွန်းတည့်ချိန်ကထက် ပိုမိုပြင်းထန်လေသည်။သူ ချန်းဟွမ်အား အကောင်လိုက်မျိုချမိတော့မတတ် ခံစားနေရရှာ၏။
ထို့နောက် ကျန်းမင်ယွမ်ဘက်မှ နှုတ်ခမ်းများကို ခွာလိုက်လေသည်။သူ၏ အသက်ရှုသံသည် အနည်းငယ် လေးလံနေပြီး မျက်ဆံများက အလွန်မဲမှောင်နေသည်။
ကျန်းမင်ယွမ်က သူ၏နှုတ်ခမ်းကိုလက်ခုံဖြင့်သုတ်၏။
ထို့နောက် ချန်းဟွမ်အား ခပ်ဖွဖွတစ်ချက်နမ်းပြီး နှုတ်ဆက်လေသည်။
"အပေါ်တက်တော့မယ်"
“အင်း...သွားလေ”
ချန်းဟွမ်သည် ထိုသူ၏လုပ်ရပ်ကြောင့် စိတ်ရှုပ်သွား၏။သို့သော်လည်း သူမက လက်ပြနှုတ်ဆက်သည်။
ကျန်းမင်ယွမ် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဓါတ်လှေကားဆီသို့ လှမ်းသွားလိုက်၏။ ဓာတ်လှေကားတံခါးပိတ်သွားသောအခါ ကျန်းမင်ယွမ်၏ပုံရိပ်သည်လည်း ပျောက်ကွယ်သွားတော့သည်။
ချန်းဟွမ်က သက်ပြင်းတစ်ချက်ချကာ ပါးပြင်များ၏အပူချိန်ကို လက်ခုံဖြင့်ဖိလျက် စစ်ဆေးလေသည်။
ထို့နောက် အောက်နှုတ်ခမ်းကိုကိုက်ရင်း အခန်းထဲပြန်ဝင်သွား၏။သူမသည် ကုတင်ပေါ်သို့တွားသွားကာ ခေါင်းမှ ခြေဖျားအထိ စောင်နှင့် ခြုံလိုက်သည်။ ခဏအကြာတွင် စောင်ပွင့်လာပြီး အတွင်းမှ ဦးခေါင်းတစ်ခု ထွက်ပေါ်လာလေသည်။ ချန်းဟွမ်သည် အပြင်မှ လတ်ဆတ်သောလေကို ရှူရှိုက်ရင်း ပါးပြင်များကို ပွတ်သပ်ကာ “ကဲ..အခု အိပ်ရအောင်” ဟု တစ်ကိုယ်တည်း ဆိုလေ၏။
ထို့နောက်ပြောပြောဆိုဆိုနှင့် စောင်ပုံထဲပြန်ဝင်သွားသည်။
ယခုတစ်ခါ၌မူ သူမ၏ခေါင်းကို ဖော်ထားလေ၏။
***
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်