chapter 276

861 51 0
                                    

Chapter 276(Extra)
Imperial MeowFebruary 16, 2023


Chapter 276 (Extra 1)



ရှန်းရှီတစ်ယောက် သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါတွင် ဒုတိယမြောက်အခွင့်အရေးက စောင့်ကြိုနေလျက်ရှိပေသည်။





အိပ်ရာသည် သူမ၏ခန္ဓာကိုယ်နစ်မြုပ်သွားနိုင်သည်အထိ အလွန်ပျော့ပျောင်းအိစက်လှ၏။

အိပ်ခန်းသည် ထင်မှတ်ထားသည်ထက်ပို၍ကြည့်ပျော်ရှုပျော်ဖြစ်နေသည်။

ထိုမျှသာမက ဓာတ်ပုံထဲတွင်သာတွေ့ဖူးခဲ့သော ထိုအမျိုးသမီးက သူမကိုစိုးရိမ်တကြီးဖြင့်ကြည့်နေပြီး နေထိုင်၍ကောင်းမကောင်းမေးနေလေသည်။



ရုတ်တရက် ရှန်းရှီသည် အလွန်အောင့်သက်သက် ခံစားလိုက်ရသည်။ဤနှစ်များအတွင်းတွင် ထိုအမျိုးသမီးက သူမအားဂရုထားခြင်းမရှိခဲ့ပေ။

သူမ၏အဖွားက အမေဖြစ်သူထံ၌ အကြောင်းရင်းများရှိပြီး သူမအား ရည်ရွယ်ချက်ရှိရှိလျစ်လျူထားခြင်းမဟုတ်ကြောင်း အမြဲလိုလိုဖြန်ဖြေပေးတတ်ခဲ့သည်။

သို့သော် အမှန်တရားသည် ဟားတိုက်ရယ်ချင်စရာပင်။





ဤအမျိုးသမီးသည်  သူမထက် အဆတစ်ရာ သာလွန်သောဘဝမျိုးနှင့်နေထိုင်ခဲ့သည်။သူမသည် လက်ညိုးတစ်ချောင်းပင် မစရာမလိုဘဲ အိမ်သို့လိုက်လံပို့ဆောင်ပေးမည့် ဇိမ်ခံကားများသာမက လက်ထောက်များစွာလည်းရှိသည်။သူမသည် ရှန်းရှီမျှော်ကြည့်ရုံသာတတ်နိုင်သည့် တန်ဖိုးကြီးပစ္စည်းများကိုလည်း အလွယ်တကူဝယ်ယူနိုင်ပြီး အဆောင်အယောင်အပြည့်အဝနှင့် နေထိုင်ခဲ့ရသည်။သို့သော် သူမ၏အခြားသမီးတစ်ယောက်ကိုမူ သတိမရနိုင်ခဲ့ရှာပေ။





ရှန်းရှီသည် ညီမဖြစ်သူ(မူလပိုင်ရှင်)၏ အတိတ်မှ မှတ်ဥာဏ်အားလုံးကို လက်ခံရရှိခဲ့သည်။ ဤမိန်းကလေးသည် လူကြီးများဖြစ်စေချင်သည့်ပုံစံအတိုင်း ကြီးပြင်းလာခဲ့၏။

သူမ၏ဘဝခရီးလမ်းကချောမွေ့နေပြီး မိဘများက အရာရာကို ဖြည့်ဆည်းပေးကြရုံသာမက လူအများထံမှလည်း

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now