chapter 248

965 54 0
                                    

Chapter 248
Chapter 248February 16, 2023

နိုင်ငံ I သည် သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည့် နိုင်ငံဖြစ်သောကြောင့် ခရီးသွားအများအပြားသည် ခရီးစဉ်များကို  ဖျက်သိမ်းခဲ့သဖြင့် ခရီးသည်များမှာ လေယာဉ်တစ်ဝက်ပင် မပြည့်ခဲ့ပေ။ မြို့ S မှ နိုင်ငံ I၏ မြို့တော်သို့ သွားလျှင် ၁၀ နာရီခန့် ကြာမည် ဖြစ်သည်။

ချန်းဟွမ်သည် economy section တွင် ရှိနေပြီး ထိုင်ခုံများမှာ ကျဉ်းကျပ်နေသဖြင့် စားစရာထားရန် နေနေသာသာ ခြေပင် ဆန့်မထိုင်ရချေ။

ရှင်းရှင်းသည် လေယာဉ်ပေါ်သို့ ပထမဆုံးတက်စဉ်က စိတ်လှုပ်ရှားနေသေးသော်လည်း အချိန်ကြာသည်နှင့်အမျှ သူ ပျင်းလာရပြီး နောက်ဆုံးတွင် ညစာစားချိန်၌ သူပို၍ ငြီးငွေ့လာရ၏။

သူက အရသာမကောင်းသော ဟင်းသီးဟင်းရွက် ဟင်းကို စားလိုက်ကာ ပြောလေသည်။

"ဒီလေယာဉ်ပေါ်က အစားအသောက်တွေက အရင်စီးဖူးတဲ့ လေယာဉ်လောက် မကောင်းဘူးနော်…"

Economy sectionကို first class နှင့် ယှဉ်၍မရပေ။ ချန်းဟွမ်က ရှင်းရှင်း ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီး ဘာမှပြန်မပြောလိုက်ဘဲ ပေါင်ပေါ်တင်လိုက်ကာ အိပ်ခိုင်းလိုက်သည်။  ရှင်းရှင်းသည် အမြဲတမ်းအချိန်မှန် အိပ်တတ်ပြီး သက်တောင့်သက်သာမရှိသော လေယာဉ်ပေါ်တွင်ရှိနေသော်လည်း အိပ်ချိန်မှန်၏။

ချန်းဟွမ်သည် ရှင်းရှင်းကို ပွေ့ထားရင်း လေယာဉ်ခရီးစဉ် တစ်ချိန်လုံး နိုးနေခဲ့သည်။ နိုင်ငံ I သို့ ရောက်သောအခါ ဒေသစံတော်ချိန် ည ၁၁ နာရီ ဖြစ်၍ လေဆိပ်တွင် လူစည်ကားနေသေးသည်။

ချန်းဟွမ်သည် ရှင်းရှင်းကို ပွေ့ချီကာ ကောင်စစ်ဝန်ရုံး လိပ်စာကို ဖုန်းပြောစဉ်က မှတ်ထားသဖြင့် သွားလိုက်သည်။ ကောင်စစ်ဝန်ရုံးတွင် အချိန်ပိုအလုပ်လုပ်သူများနှင့် စည်ကားသိုက်မြိုက်နေသေးသည်။ ချန်းဟွမ်  ရုံးထဲဝင်သွားသည့်အခါ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဝန်ထမ်းများ ပြောနေသည်ကို သူမကြားလိုက်ရသည်။သူမက ဝန်ထမ်းတစ်ယောက်ကို သူမ၏ လာရင်းကိစ္စအား ပြောပြလိုက်သည်။ထိုသူက အံ့သြဟန်မပြဘဲ နောက်ဆုံးရ အခြေအနေနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း ရှင်းပြလေသည်။ထို့အပြင် သူက ကျန်းမင်ယွမ် ရှိနေသည့် ကျွန်းနာမည်ကို မေးနေပြီး သူ့ရှိနေသည့် နေရာအတည်တကျကို သိပါက ရှာဖွေရန် လွယ်ကူသည်ဟု ပြောနေလေသည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now