Chapter 228
Chapter 228February 12, 2023နေ့လည်စာစားပြီးနောက် မြို့တော် S မှ ကျန်းမင်ယွမ်၏ဇာတိမြို့သို့ ၂ နာရီ လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြလေသည်။
ညနေ၄နာရီတွင် လေယာဉ်ဆိုက်ခဲ့ပြီး
ကားတစ်ဆင့်ဆက်စီးခဲ့ကြ၏။
ညနေ ငါးနာရီခွဲတွင် ထိုမြို့သို့ရောက်ရှိခဲ့သည်။
ကျန်းမင်ယွမ်၏ဇာတိမြို့သည် တောင်ပေါ်ရှိ မြို့ငယ်ကလေးဖြစ်၏။ ထိုမြို့တွင် ခရီးသွားလုပ်ငန်း ထွန်းကားပြီး အတော်အတန် ချမ်းသာသောမြို့ဖြစ်သည်။
သုံးယောက်သား လျှောက်လမ်းကျောက်ခင်းဈေးနှင့် မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ပြီးနောက် တည်းခိုမည့်နေရာသို့ ရောက်ရှိခဲ့ကြသည်။
ဤအရပ်မှအိမ်များသည် အဖြူရောင် နံရံ ၊ မီးခိုးရောင် အုတ်ကြွပ်မိုးများဖြင့် ဟောင်းနွမ်းသည့် အငွေ့အသက်ရနေ၏။
အိမ်အရှေ့ဘက်၌ မြစ်ရေစီးကြောင်းရှိပြီး
ရေပြင်က အလွန်ကြည်လင်နေသဖြင့်
နေရောင်အောက်၌ တလက်လက်ဖြစ်နေသည်။
ကျန်းမင်ယွမ်၏လက်တစ်ဖက်စီတွင် ခရီးဆောင်အိတ်တစ်လုံးစီ ရှိသည်။သူသည် တံတားကိုဖြတ်၍ လမ်းလျှောက်သွားပြီး ခရီးဆောင်အိတ်များကို အောက်သို့ချကာ ချန်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက်လေ၏။
ထို့နောက်ရှင်းရှင်းကို ပွေ့ ချီလိုက်သည်။
ကျန်းမင်ယွမ်က မလှမ်းမကမ်းရှိအိမ်တစ်လုံးကိုလှမ်းကြည့်ကာ “ရောက်ခါနီးပါပြီ” ဟု ပြောလိုက်သည်။
ထိုအိမ်သည် ပတ်ဝန်းကျင်ရှိ အခြားအိမ်များနှင့် လုံးဝမတူပေ။ကျန်အိမ်များသည် မြစ်ကမ်းဘေးရှိ နှစ်ထပ် အဆောက်အအုံများသာဖြစ်သည်။
အိမ်တစ်ဝိုက်တွင် သေသပ်သော ခြံစည်းရိုးတစ်ခုရှိပြီး ခြံဝန်းအတွင်းရှ်ိ အမြဲစိမ်းပင်အချို့၏အကိုင်းအခက်များကအပြင်သို့ဖောက်ထွက်နေလေ၏။
ထိုအသွင်အပြင်ကြောင့် အိမ်၏အနေအထားမှာ ပိုမို၍ရင်သပ်ရှုမောစရာဖြစ်လာသည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်