252

1.1K 62 2
                                    

Chapter 252
Imperial MeowFebruary 16, 2023
Chapter 252





ကျန်းမင်ယွမ်က နမ်းပြီးသည်နှင့် သူမကို မေးလိုက်သည်။





"မင်း ဒီကို ဘယ်တုန်းက ရောက်နေတာလဲ…"





"မနေ့ညက…"





ချန်းဟွမ် ခါးကို ဖက်ထားသော သူ့လက်သည် အနည်းငယ်တင်းကျပ်လာသော်လည်း သူမ မနာကျင်စေရန် ပြန်ပြီး ဖြေလျှော့လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ပြောလေ၏။





"ကိုယ် မင်းကို စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်…"





"ရှင် အဆင်ပြေတဲ့အတွက် ဝမ်းသာပါတယ်…"





ကျန်းမင်ယွမ်က သူမပါးပေါ် သူ့ပါး အပ်ထားလိုက်သည်။





"နောက်တစ်ခါ ဒီလောက် အန္တရာယ်ရှိတဲ့နေရာကို မလာနဲ့နော်…"





ချန်းဟွမ်က ဘာမှပြန်မပြော။









"အိမ်ပြန်ရောက်ရင် ဘုရားကျောင်းသွားရအောင်… နှစ်သစ်ကူးဆိုတော့…"





ချန်းဟွမ်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ ကျန်းမင်ယွမ်မှာ သူ့စကားကို  တိတ်တဆိတ် ငြင်းပယ်ခံလိုက်မှန်းနားလည်သော်လည်း ဘာမှစောဒကတက်မနေတော့ပေ။





သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး









"သွားမယ်လေ…"









"ကျွန်မ အရမ်းပင်ပန်းနေတယ်…"





သူမ မအိပ်ရသည်မှာ တစ်ရက်ကျော်ပြီဖြစ်ကာ နေ့ခင်းက တစ်ရေးတစ်မော အိပ်လိုက်သော်လည်း အိပ်ရေးမဝသေး။





"ဒါဆို အိပ်တော့…"





ကျန်းမင်ယွမ် က သူမကို သူ့ဘေးတွင်ပြောင်းထိုင်ခိုင်းလိုက်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။





"ဟို ရောက်တဲ့အခါ နှိုးပေးမယ်…"





“အင်း…”





ချန်းဟွမ် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားရသည်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရပြီး နိုးလာသောအခါ လေဆိပ်သို့ ရောက်နေပြီဖြစ်သည်။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now