chapter 250

938 48 0
                                    

Chapter 250
Chapter 250February 16, 2023

နေ့လယ်စာသည် သာမာန် ရိုးရှင်းသော အသားမုန့်တစ်မျိုးဖြစ်သည်။ အနည်းငယ်ချိုပြီး မာကျောသော်လည်း အနံ့မှာ မွှေးကြိုင်လျက် ရှိသည်။ ကလေးအများစုသည် ချိုသောအစားအစာများကို နှစ်သက်ကြသဖြင့် ရှင်းရှင်းလည်း အသားမုန့်ကို အကြိုက်တွေ့လျက်ရှိသည်။

ချန်းဟွမ်လည်း နည်းနည်းစားလိုက်သည်။ နေ့လည်စာစားပြီးနောက် သူမ ပိုက်ဆံအိတ်ထဲမှ ရှင်းရှင်း အတွက် အရုပ်နှစ်ရုပ်ကို ဆွဲထုတ်လိုက်သည်။ သူမတို့ သားအမိမှာ အလျင်စလို ထွက်လာကြသဖြင့် လဲဝတ်ရန် အဝတ်အစား တစ်ယောက် တစ်စုံစီသာ ပါကြသည်။ ချန်းဟွမ်က ရှင်းရှင်းကို ဟိုတယ်ထဲမှ မထွက်စေချင်သော်လည်း ထွက်လာသည့်အခါ သူ့ကို ထိုင်ထားခိုင်းပြီး တစ်နေ့လုံး အရုပ်နှစ်ရုပ်နှင့်သာ ခုံပေါ်တွင် ဆော့ခိုင်းခဲ့လေသည်။ အပြန်လမ်းတွင် သူမက အရုပ်နှစ်ရုပ်ကို ပိုက်ဆံအိတ်ထဲ ကောက်ထည့်လိုက်သည်။ ဤနိုင်ငံက အရုပ်များမှာ တရုတ်နိုင်ငံက အရုပ်များနှင့် မတူကြပေ။ ရှင်းရှင်း ကလည်း အရုပ်များကို မည်သို့ ပြုလုပ်ထားသည်ကို  သိချင်သဖြင့် စူးစမ်းနေရာ သူ ဟိုတယ်မှာ မပျင်းရတော့ပေ။

ချန်းဟွမ်မှာ သားဖြစ်သူ ပျော်ရွှင်နေသည်ကိူ မြင်လိုက်ရသဖြင့် သူမလည်း စိတ်ကြည်လာရသည်။ သူမက ကုတင်ခေါင်းရင်းကို မှီထားလိုက်ပြီး  ရှင်းရှင်းကို ကြည့်နေစဉ် သူမ မျက်ခွံများ လေးလံလာသလို ခံစားလိုက်ရသည်။ သူမသည် တစ်ရက်ကျော်ကြာ မအိပ်ခဲ့ရသဖြင့် သူမ ခန္ဓာကိုယ်သည် ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်ပေ။ သူမကိုယ်သူမ အတင်းဖိအားပေး၍ မအိပ်ရန်ကြိုးစားသော်လည်း  သူမ အိပ်ငိုက်ခြင်းကို မခုခံနိုင်တော့ပေ။

သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်ဆုံးတွင်  ဖုန်းမြည်သံကြောင့် နိုးလာရသည်။ ဖုန်းသံမြည်လာသောအခါ သူမ အိပ်မက်မက်နေသေးသည်ဟု ထင်လိုက်သဖြင့် ringtoneနှစ်ကျော့မြည်ပြီးမှသာ လန့်နိုးသွားရသည်။ သူမ နိုးလာချိန်မှာ ကုတင်ခေါင်းရင်းကို မှီလျက်သာ ရှိနေသေးသဖြင့် သူမ တစ်ကိုယ်လုံး နာကျင်နေရသည်။ ချန်းဟွမ် က နာကျင်မှုကို ဂရုမစိုက်စွာဖြင့် စခရင်ပေါ်မှာ ပေါ်လာသည့် နံပါတ်ကို ကြည့်ရင်းအမြန် ဖုန်းကိုင်လိုက်သည်။

"မင်္ဂလာပါ မစ္စ ချန်းလား…မစ္စတာ ကျန်း ကို ကျွန်တော်တို့ တွေ့ထားပါတယ်… မကြာခင်မှာ သူ့ကို ကောင်စစ်ဝန်ရုံးကို ခေါ်သွားပါလိမ့်မယ်…မစ္စ လာကြည့်ချင်သလား…"

ချန်းဟွမ်သည် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ အနည်းငယ် မူးဝေလာသလို ဖြစ်သွားရသည်။

"အခုချက်ချင်း လာလို့ရပါတယ်…ကျွန်မ လာမှာပါ…"

သူမက အသံကို မြှင့်ပြောလိုက်သဖြင့် သူမဘေးမှာ ကစားနေသည့် ကလေး‌လေးမှာ လန့်သွားရသည်။ ရှင်းရှင်းက သူ့လက်ထဲမှ အရုပ်များကို ချထားလိုက်ပြီး မေးလိုက်သည်။

"ဘယ်သွားမှာလဲ မေမေ…"

"မေမေတို့ ဖေဖေ့ကိုလိုက်ရှာမလို့…"

ချန်းဟွမ်သည် အဆိုးဆုံး အခြေအနေအတွက် မိမိကိုယ်မိမိ ပြင်ဆင်လိုက်သည်။ သူမတို့ ဤနိုင်ငံသို့ ရောက်လာပြီး ဒုတိယနေ့မှာ သတင်းရလိမ့်မည်ဟု  သူမ မထင်ထားမိပေ။ ခဏတာ ဝမ်းနည်းသွားပြီးနောက် သူမ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို တစ်ဖန် ဖြစ်လာရပြန်သည်။

ချန်းဟွမ် သည် ဖိနပ်ကို တတ်နိုင်သမျှ မြန်မြန်စီးပြီး သားဖြစ်သူကို လက်ဆွဲ၍ အပြင်ထွက်လိုက်သည်။

"မေမေ…မေမေ…ခေါင်းမဖြီးရသေးဘူး…"

ချန်းဟွမ် တို့နှစ်ယောက်သည် အခန်းအပြင်ဘက်တွင် ရှိနေသော်လည်း ရှင်းရှင်း စကားကို ကြားလျှင် ရှင်းရှင်းကို လက်လွှတ်ကာ ရေချိုးခန်းထဲသို့ အမြန်သွား၍ ဆံပင်ကို ponytail ပုံစံ အမြန် စည်းလိုက်သည်။

ကောင်စစ်ဝန်ရုံးသည် သူမတို့တည်းခိုရာနေရာနှင့် မနီးမဝေးတွင် ရှိပြီး မိနစ် ၂၀ သာ လမ်းလျှောက်ရသည်။ ချန်းဟွမ်က ကလေးလေးကို လက်ဆွဲကာ အမြန်ပြေးသဖြင့် ရှင်းရှင်း မှာ တရွတ်တိုက်မတတ် ပါလာရပြီး ၁၀ မိနစ်အတွင်း ရောက်လာလေသည်။

ချန်းဟွမ်သည် ကောင်စစ်ဝန်ရုံးအတွင်း လျှောက်ပတ်သွားနေပြီး အသက်ရှူမဝသလိုဖြစ်ကာ ချွေးများလည်း ထွက်နေရသည်။ ထို့နောက် သူမသည် ရှင်းရှင်း ကို ခဏ ရပ်ခိုင်းထားပြီး ဝန်ထမ်းတစ်ဦးကို ရုံးခန်းနေရာအား မေးမြလိုက်သည်။

ကောင်စစ်ဝန်ရုံးသည် ယခင်ကကဲ့သို့ အလုပ်ရှုပ်မြဲ ရှုပ်နေကြသည်။ အလုပ်သမားများမှာ ဟိုဒီပြေးလွှားနေကြပြီး ဖုန်းများမှာလည်း အပြိုင်အဆိုင် မြည်နေကြသည်။ ချန်းဟွမ် သည် ရုံးခန်းဆီသို့ လျှောက်သွားကာ တံခါး မခေါက်မီ သူမ လက်သီးများကို ကျစကျစ်ပါအောင် ဆုပ်ထားမိလိုက်လေသည်။

Xxxxx

Ei Thet Hmue

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now