Chapter 165
လေယာဉ်ဆင်းသက်ချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ သုံးယောက်သား လေယာဉ်ပေါ်မှဆင်းလိုက်သည်နှင့် ရိုးတွင်းချဉ်ဆီထဲအထိ စိမ့်အေးသွားစေသော ရင်းနှီးပြီးသား အေးစက်စက်လေထုကို ခံစားလိုက်ရ၏။
ချန်းဟွမ် အင်္ကျီအထူကြီးကို ၀တ်ထားသော်လည်း အေးစက်နေဆဲဖြစ်သည်။
သူမသည် အင်္ကျီကို လက်နှစ်ဖက်ဖြင့်စေ့ချလိုက်ပြီး တုန်တက်သွား၏။ချန်းဟွမ်စီးလာသော ဖိနပ်မှာ မထူမပါးဖြစ်ပြီး ခြေချောင်းများပင် ထုံကျဉ်နေသည်။
အအေးဒဏ်ကြောင့် ခြေချောင်းများမှ အထိအတွေ့ကိုပင် မခံစားရချေ။
ချန်းဟွမ်သည် ဘေးနားမှ အမျိုးသားကို အလွန်တရာပင်လေးစားမိသည်။
ကျန်းမင်ယွမ်က ရှင်းရှင်းကို ပွေ့ချီထား၏။
သူသည် အလွန်ရင်းနှီးနေသော ဝတ်စုံပုံစံနှင့် အောက်ခံရှပ်အင်္ကျီခပ်ပါးပါးကိုသာ ၀တ်ဆင်ထားရာ ဘေးမှမြင်နေရသောသူပင် သူ့အစားအေးလာမိ၏။
မည်သို့ပင်ဆိုစေကာမူ ကျန်းမင်ယွမ်၏နောက်ကျောက
ဖြောင့်စင်းနေပြီး လုံးဝအေးပုံရမနေချေ။
အဆောက်အဦးတွင်းရှိစင်္ကြံသို့ရောက်သွားသောအခါ ယခင်ကလောက် မအေးတော့ပေ။
ချန်းဟွမ်သည်လည်း ခံစားချက်ပိုကောင်းလာသည်။
ကျန်းမင်ယွမ်က ရှင်းရှင်းကို ပွေ့ချီထားရာမှ ချလိုက်ပြီး
" ခရီးဆောင်အိတ် သွားယူဦးမယ်"
"ကျွန်မလိုက်ခဲ့မယ် "
ခရီးဆောင်အိတ်ကြီးနှစ်လုံးသယ်ယူခဲ့သော ချန်းဟွမ်က ထိုနေရာတွင်ရပ်စောင့်ရမည်ကို အားနာမိသည်။
သူမသည် အရာအားလုံးကို ကောင်းမွန်စွာတွေးခေါ်နိုင်သည်ဟု ထင်ခဲ့၏။ ဟိုတယ်ရှိ ပစ္စည်းများက ညစ်ပတ်နိုင်သည်ဟု အတွေးပေါက်ခဲ့ပြီး အိပ်ယာခင်းများ ၊ ဖိနပ်များ အစရှိသည်တို့ကို တနင့်တပိုး အကုန်သယ်လာမိခဲ့သည်။
သို့သော် ဟိုတယ်ရှိနေ့စဉ်သုံးပစ္စည်းများက သူမယူလာသည်များထက်ပင် အရည်အသွေးပိုကောင်းနေပြီး အသစ်စက်စက်များလည်းဖြစ်ကြ၏။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်