chapter 273

884 53 0
                                    

Chapter 273
Imperial MeowFebruary 16, 2023
Chapter 273



ချန်းဟွမ် ထိတ်လန့်သွားပြီး မေးလိုက်သည်။





"ဘာလို့ သူ့ကို တွေ့ချင်တာလဲ…"









"ဘာတွေ စိတ်ပူနေတာလဲ… ငါ နင့်ဆီကနေ သားကို လုမယူဘူး စိတ်ချ…"





ရှန်းရှီက နှုတ်ခမ်းကို တင်တင်းစေ့ထားပြီး ရှုတ်ချသလို ပြောလိုက်သည်။









"ငါ့သားကိုတွေ့ဖို့ နင့်ခွင့်ပြုချက်လိုလို့လား…"





"တစ်ကယ်တမ်းကျတော့ နင်က သူ့ရဲ့ အန်တီလေ…"





ရှန်းရှီ  စိတ်တိုနေပုံရသည်။





"တွေ့ခွင့်ပေးမလား မပေးဘူးလားပဲ ပြောလိုက်…သူက ငါ့သား…"





***









နှစ်ယောက်သား ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေစဥ် ကားတစ်စီး ထိုးစိုက်လာရ၏။ထို့နောက် ကားတံခါးပွင့်လာပြီး ကျန်းမင်ယွမ် ထွက်လာကာ ချန်းဟွမ် ကို ပြုံးပြပြီး  ရှင်းရှင်း ကို ကားထဲမှ ပွေ့ခေါ်လိုက်သည်။





"ဘာလို့ဒီမှာစောင့်နေတာလဲ… ညဘက် ကြီး လေတွေကလည်း တိုက်နေတဲ့ဟာ…"





ကျန်းမင်ယွမ်က သူမလက်ကို ကိုင်ထားလိုက်သည်။





"တွေ့လား… မင်းလက်​​တွေ ​အေးစက်​​နေတာပဲ…"





ထိုသို့ပြောပြီးနောက် သူတို့ဘေးတွင် ရပ်နေသည့် ရှန်းရှီကို သူ သတိပြုမိသွားပုံရသည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သညိ။





"မစ္စ ရှန်း..."









"မစ္စတာ ကျန်း…"





ရှန်းရှီ လည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောပြီး ရှင်းရှင်းကို လှည့်ကြည့်လိုက်သည်။ယနေ့မူကြိုတွင် ကလေးများအတွက် ပွဲတစ်ခုခုရှိပုံရသည်။ က​လေး​လေး​လေးမှာ အရပ်ပိုမြင့်ပုံပေါက်စေသည့် အဖြူရောင် အနောက်တိုင်းဝတ်စုံလေးကို ၀တ်ထားပြီး ဆံပင်ကလည်း ဂျယ်လ်ဖြင့် သေသပ်နေသည်။  သူကြည့်ရသည်မှာ လူကြီးပေါက်စတစ်‌ယောက်နှင့် တူနေတော့သည်။ကလေးလေးသည် ချန်းဟွမ်၏ အဝတ်အစားကို ခေါင်းဖြင့်ပွတ်နေပြီး ဂျယ်လ်များ ကွာကျ‌သွားအောင် လုပ်နေတော့သည်။အမေဖြစ်သူက သူ့ကို တွန်းဖယ်လိုက်သော်လည်း သူ အလျှော့မပေးသေးချေ။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now