(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.1K 79 0
                                    

Chapter 220
Chapter 220February 12, 2023

ယခင်ကလည်း ချန်းဟွမ်မထနိုင်ခဲ့သည့်အချိန်များရှိခဲ့ရာ ရှင်းရှင်းသည် အစားအသောက်အား ကိုယ်တိုင်အနည်းအကျဉ်းစီစဉ်တတ်နေပြီဖြစ်သည်။

သူသည် ထိုင်ခုံးသေးသေးလေးကိုခု၍ ရေခဲသေတ္တာရှေ့၌ ရပ်လေ၏။ထို့နောက်ရေခဲသေတ္တာကိုဖွင့်ကာ နွားနို့ဘူးနှင့် ကိတ်မုန့်တစ်လုံးကို ဆွဲထုတ်လိုက်သည်။ရှင်းရှင်းက ပန်းကန်လုံးတစ်လုံးထဲသို့ ရေနွေးဖြည့်ပြီး နွားနို့ဘူးကို ထိုထဲသို့ထည့်လိုက်၏။

ထို့နောက် ဇွန်းတစ်ချောင်းယူပြီး ကိတ်မုန့်အား တစ်ဇွန်းကော်စားသည်။အလွန်ပင်အရသာရှိလှပေ၏။

ရှင်းရှင်းက မျက်လုံးများမှိတ်၍ ကိတ်မုန့်ကိုဖြည်းဖြည်းချင်းဝါးနေလေသည်။

များသောအားဖြင့် ချန်းဟွမ်သည် ရှင်းရှင်းအား အချိုများအလွန်အကျွံစားရန် ခွင့်မပြုထားချေ။

ထို့ကြောင့်ရှင်းရှင်းသည် ကိတ်မုန့်စားရသည့်အခွင့်အရေးကို အလွန်တန်ဖိုးထားခဲ့သည်။ အိမ်ရှေ့မှ အသံဗလံများကိုကြားလိုက်ရချိန်တွင် ရှင်းရှင်းသည် ကိတ်မုန့်နှစ်ဇွန်းခန့်သာစားရသေး၏။ ကလေး​လေးသည်​ ထိတ်​လန့်​တုန်​လှုပ်​စွာဖြင့်​  လက်ထဲမှဇွန်းကိုချကာ ​ခုံပေါ်မှဆင်းသွားသည်။

သူ ကြည့်လိုက်သောအခါ ကျန်းမင်ယွမ်က အိမ်ထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရလေ၏။

အရက်ကြောင့် ထုံထိုင်းနေသော ကျန်းမင်ယွမ်သည် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် အိပ်မပျော်ခဲ့ပေ။ ခြုံငုံပြောရလျှင် အရက်နာကျခြင်းသည် မသက်သာပါ။နိုးလာချိန်တွင် ခေါင်းကိုက်နေသေးပြီး ခြေလက်များမှာလည်း အနည်းငယ်ကိုက်ခဲနေသေးသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ အရက်တချို့ ကျန်နေသေးသည် ဖြစ်မည်။

သူသည် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်သည်။

ချန်းဟွမ်က သူ၏ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သတိရမိသွားသောအခါ ကျန်းမင်ယွမ်၏ရင်ထဲတွင် မီးတောက်လောင်နေသလို ခံစားလိုက်ရလေ၏။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now