(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.5K 115 0
                                    

Chapter 205

ကျန်းမင်ယွမ်က သူ့စကားကို တည်စွာဖြင့် နောက်နေ့တွင် ရုံးသို့ ရှင်းရှင်းအား ခေါ်သွားလိုက်သည်။ ကားမောင်းသမားသည် သူဌေးဖြစ်သူအကြောင်းကို သိပြီးသားဖြစ်၍ ရှင်းရှင်းကို ရုံးခေါ်လာသည့်အတွက် အံ့ဩမသွားပေ။သို့သော်လည်း ရုံးဝန်ထမ်းများအားလုံးမှာ သူဌေးဖြစ်သူနှင့် အလွန်တူသည့်  ကလေးလေးတစ်ယောက်ကို သူဌေးက လက်ဆွဲလာသည်ကို တွေ့လိုက်လျှင် အံ့ဩသွားရလေသည်။

အတင်းအဖျင်းတို့သည် ကမ္ဘာပေါ်တွင် အလင်းထက်ပင် မြန်သည့်အရှိန်ရှိပေသည်။

ရုံးချုပ်ရှိ လူတိုင်းနီးပါးသည် သူဌေးတွင် သားတစ်ယောက်ရှိနေကြောင်း နေ့တစ်ဝက်အတွင်း သိလိုက်ရလေသည်။သူတို့က ကျန်းမင်ယွမ် လိုလူမျိုးကို ချဉ်းကပ်နိုင်သည့် အမျိုးသမီးကိုလည်း သိချင်နေကြလေ၏။

ရှင်းရှင်းမှာမူ ဝန်ထမ်းများက သူ့အကြောင်းပြောနေမှန်း မသိဘဲ ရုံးတွင် နေ့တစ်ဝက်ခန့် နေပြီးနောက် သူ ငြီးငွေ့စပြုနေလေပြီ။

"ဖေဖေက...အပြင်ကို လုံးဝထွက်လို့ မရတာလား..."

သူက အနီးရှိ ဆိုဖာပေါ်တွင် စူပါမင်း အရုပ်ကိုပွေ့၍ ထိုင်နေကာ အဖေဖြစ်သူကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေလေသည်။

ဘယ်လောက် ငြီးငွေ့စရာကောင်းလိုက်သလဲ...

"ဟင်...ရှင်းရှင်းက တစ်နေရာရာကို သွားချင်နေတာလား..."

ကျန်းမင်ယွမ်က စာရွက်စာတမ်းများကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။ ယနေ့ ရှင်းရှင်းကို ခေါ်လာမည်ဖြစ်၍ အစည်းအဝေးများ လုပ်ရန် မစီစဉ်ထားဘဲ ရုံးခန်းထဲတွင်သာ ရှိနေမည် ဖြစ်လေသည်။ ရှင်းရှင်း က စိတ်ရှည်စွာဖြင့် သူ့ကို စောင့်နေမှန်းသိ၍ အခြားတစ်နေရာရာသို့ သွားကစားချင်နေမည်ဟု တွေးကာ ပြောလိုက်သည်။

"ခဏနေဦးနော်... ဒါလေး ပြီးရင် ဖေဖေ သားကို ‌အပြင်လိုက်ပို့မယ်နော်.."

"ရပါတယ် ဖေဖေရဲ့...ဖေ‌ဖေ့ရဲ့အလုပ်ကိုပဲ ဂရုစိုက်လုပ်ပါ...သားဒီမှာ တစ်ယောက်တည်း ကစားနေမယ်လေ..."

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now