Chapter 261
Imperial MeowFebruary 16, 2023
Chapter 261သူ့လေသံက တိုးညှင်းလှပြီး နူးညံ့နေသဖြင့် ချန်းဟွမ်လည်း စိတ်လှုပ်ရှားသွားရသည်။သူက သူတို့အိမ်မှာမွေးမည့် အိမ်မွေးတိရစ္ဆာန်အရေအတွက်ကို ပါ ပြောပြနေလေ၏။ ချန်းဟွမ် သူ့ရင်ဘတ်ကို မှီထားကာ သူ့စကားကို နားထောင်ရင်း အိပ်ချင်လာရသည်။ သူမက ဝါးကနဲ တစ်ချက်သမ်းလိုက်ကာ ပြန်အိပ်တော့မည်ပြုစဉ် မနေ့က ကျန်းမင်ယွမ် မေးခဲ့သည့် စိတ်အနှောင့်အယှက် ဖြစ်စေသော မေးခွန်းကို ရုတ်တရက် သတိရလိုက်သောအခါ သူမ လန့်သွားရသည်။
သူမက ကျန်းမင်ယွမ် ဘက်လှည့်လိုက်ပြီး လေးနက်စွာ ကြည့်လိုက်သည်။ ကျန်းမင်ယွမ်မှာ သူမ မျက်နှာအမူအရာကိုမြင်ပြီးနောက် သူလည်း ရုပ်တည်သွားရသည်။
"ဘာဖြစ်တာလဲ…"
"ရှင်…ဟင်းချက်နည်းကို ကျွန်မ ဘယ်သူ့ဆီက သင်ခဲ့တာလဲ လို့ မေးခဲ့တယ်မဟုတ်လား…"
"ဟုတ်တယ်လေ… မင်းအဘိုးက မင်းကို သင်ပေးခဲ့တာလို့ ပြောတယ်လေ…"
ကျန်းမင်ယွမ် စိတ်ထဲ ထိုကိစ္စကို စွဲနေသည်မှာ သေချာသည်။
"မင်းအဘိုးက ဒီမှာရှိလား…"
ချန်းဟွမ်က ခေါင်းခါသည်။
"ဒါဆိုလည်း ခဏလောက် သူ့ဆီ သွားကြရအောင်လေ..."
ချန်းဟွမ်သည် နှစ်သစ်ကူးကာလတွင် သူမ၏ မွေးရပ်မြေသို့ အလည်မသွားရကြောင်း သူ သတိရမိလိုက်သည်။
"မင်းရဲ့ မွေးရပ်မြေမှာလေ လိုက်နာရမယ့် ဓလေ့တွေ ထုံးစံတွေ ရှိလား…"
" ထွေထွေထူးထူးတော့ မရှိပါဘူး…"
"အင်း ပြီးရောလေ…ဒါဆို အလုပ်လေးတွေ လက်စသတ်ပြီးရင် သွားကြတာပေါ့…"
ချန်းဟွမ်က သူမပြောချင်သည့် အဓိပ္ပါယ်ကို ချော်ထွက်သွားရသည်ဟု ထင်မြင်မိသည်။
"ဒါပေမယ့်…"
"ဒါပေမယ့် တွေ ဘာတွေ လုပ်မနေနဲ့တော့…အိပ်ရအောင်…"
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်