Chapter 217
Chapter 217February 12, 2023ချန်းဟွမ် အပေါ်ထပ်သို့တက်လာချိန်တွင် ကျန်းမင်ယွမ် သည် မျက်လုံးများကိုမှိတ်ထားကာ ဆ်ိုဖာပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ကျန်းမင်ယွမ်သည် မျက်မှောင်ကြုတ်ထားပြီး အဆင်ပြေနေပုံမရပေ။
ချီရှန်လုပ်ထားခဲ့သော အမူးပြေစွပ်ပြုတ်သည်လည်း ပုံစံမပျက် ရှိနေသေး၏။
ချန်းဟွမ်သည် ပန်းကန်လုံးဘေးကို ကိုင်ကြည့်လိုက်သည်။အပူချိန်မှာအနေတော်ဖြစ်ပြီး စွပ်ပြုတ်သောက်ရန်အချိန်ကောင်းဖြစ်လေ၏။
ချန်းဟွမ်သည် ကျန်းမင်ယွမ်ထံသို့ လျှောက်လှမ်းသွားပြီး လက်နှင့် အနည်းငယ် တွန်းကာ နှိုးလိုက်သည်။
"ကျန်းမင်ယွမ်..."
သို့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရရှိပေ။
ခဏအကြာတွင် ကျန်းမင်ယွမ်သည် မျက်လုံးပွင့်လာခဲ့ပြီး
ချန်းဟွမ်ကို စူးရဲစွာစိုက်ကြည့်နေလေသည်။
"ရှင့်ရဲ့လက်ထောက်က ရှင်မူးနေလို့ကျွန်မကို ကြည့်ပေးဖို့အကူအညီတောင်းထားတာ"
ချန်းဟွမ်သည် ကျန်းမင်ယွမ်၏အနားသို့ တိုးကပ်လာလေ၏။
"ဒီမှာ စွပ်ပြုတ်သောက်လိုက် "
ကျန်းမင်ယွမ် သူမပြောသမျှကို မတုံ့ပြန်ဘဲ လေးလေးနက်နက် ကြည့်နေခဲ့ပြန်သည်။
သူ၏ မျက်တောင်ခတ်သည့်အရှိန်သည် သာမန်ထက်နှေးကွေးနေ၏။ ချန်းဟွမ်က ကျန်းမင်ယွမ်ထံမှ အဖြေကို ခဏတာ စောင့်နေခဲ့သည်။ ထို့နောက် သူမသည် တစ်ဖက်သို့လှည့်ကာ စားပွဲပေါ်မှစွပ်ပြုတ်ပန်းကန်ကို ယူရန်ပြင်လိုက်လေ၏။
ထိုတဒင်္ဂတွင် လက်တစ်ဖက်က အနောက်မှနေ၍ သူမ၏ခါးကိုသိုင်းဖက်လာတော့သည်။
ချန်းဟွမ်တစ်ယောက် ကျန်းမင်ယွမ်၏လက်မောင်းကြားထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရလေ၏။
သူမသည် အခြေအနေကိုသဘောပေါက်သွားပြီး ရုန်းကန်ရန်ကြိုးစားသော်လည်း မအောင်မြင်တော့ပေ။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်