Chapter 157
ချန်းဟွမ်က တွန့်ဆုတ်နေမိသည်။
သူမသည် ဓါတ်ပုံရိုက်ချင်နေခဲ့သည်ဖြစ်၏။သို့သော်လည်း ယခုဓာတ်ပုံမရိုက်ရသည့်အပြင် လက်သည်းထဲ၌လည်း သဲအချို့က ဝင်နေသေးသည်။
သူမသည် ထိုသဲစိများကို အလုံးစုံမထုတ်ရသေးပေ။
ချန်းဟွမ်တစ်ယောက် ထိုအကြောင်းကိုတွေးနေချိန်၌
ဘေးနားမှ အံ့သြနေသော လေသံတစ်ခု ထွက်ပေါ်လာသည်။
"တိုက်ဆိုင်လိုက်တာ... ကျွန်တော်တို့ထပ်တွေ့ကြပြန်ပြီ "
ချန်းဟွမ်သည် သတိကပ်သွားပြီး စောနကဓာတ်ပုံရိုက်ပေးခဲ့သောအမျိုးသားက သူမအား ပြုံးပြုံးကြီးရပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
" ဒီမှာ နေ့လည်စာ လာစားတာလား"
“ဟုတ်ပါတယ် ” ချန်းဟွမ်က ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်က ဟိုဘက်မှာထိုင်တာလေ " ထိုတစ်ယောက်က မလှမ်းမကမ်းရှိစားပွဲဝိုင်းအား လှမ်းညွှန်ပြ၏။
" ရင်းနှီးပါတယ်ဆိုပြီးကြည့်နေတာ မသေချာလို့... ဒါပေမဲ့လာကြည့်လိုက်တာမှန်သွားတာပဲ ... ရေစက်ပါတယ်နော် ကျွန်တော်တို့က ”
ချန်းဟွမ်ကဘာပြန်ပြောရမှန်း မသိသောကြောင့် ပြုံးရုံသာ ပြုံးပြလိုက်သည်။
မျက်စိရှေ့မှလူက အလွန်စိတ်အားထက်သန်နေပုံရ၏။
သူမသည်ဤအခြေအနေကို မကိုင်တွယ်တတ်တော့ပေ။
" ကျွန်တော် ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အခွင့်အရေး မရသေးဘူး... အဲ့ဒီဘက်ကြောင့်သာမဟုတ်ရင် ဒီနေ့အစီအစဉ်တွေ အကုန်ရွှေ့ပစ်ရမှာ "
ထိုသူကဆက်ပြောသည်။
“ မှန်မှန်ကန်ကန် ကျေးဇူးတင်ရမှာပေါ့... ကျွန်တော်ဒကာခံပါ့မယ် "
“မလိုပါဘူး...ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး”
ချန်းဟွမ်က ငြင်းပယ်လိုက်ပြီး
သူမ၏ရှေ့၌ ထိုင်နေသူကို မေးငေါ့ပြသည်။
"ပြီးတော့ ဒကာခံမဲ့သူက သပ်သပ်ရှိတယ်"
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်