(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.4K 103 0
                                    

Chapter 187

“အိပ်ခန်းသုံးခန်းရှိတယ်လေ... တစ်ခန်းက မေမေ့အခန်း...တစ်ခန်းက ရှင်းရှင်းရဲ့အခန်း...."

ကျန်းမင်ယွမ် ထိုသို့ပြောပြီးနောက်ရှင်းရှင်းအမူအရာကို သတိထားမိသွားရသည်။

"သားက အခု ကြီးနေပြီ...သားမေမေနဲ့ ဆက်အိပ်ရင် တခြားကလေးတွေက သားကို လှောင်လိမ့်မယ်..."

ရှင်းရှင်း နှုတ်ခမ်းစူလိုက်ပြီး ကုတင်စွန်းတွင် ထိုင်နေသော ချန်းဟွမ်ကို ကြည့်လိုက်ပြီးနောက် သူ့အဖေကို အကြာကြီး စိုက်ကြည့်နေပြန်သည်။

သူက ဝမ်းနည်းသံကလေးနှင့် ခေါ်လိုက်သည်။

"မေမေ..."

"ဟင်...ဘာဖြစ်လို့လဲ.."

ချန်းဟွမ်သည် ဖုန်းကို ကြည့်နေရာမှ သားဖြစ်သူကို ကြည့်လိုက်သည်။

"ဖေဖေက မေမေနဲ့ အတူအိပ်ခွင့် မပေးဘူး..."

"အိုး ဟုတ်တယ်...သားက အခု ကြီးနေပြီ ကိုယ်ဘာသာ ခွဲအိပ်ရမယ်လေ..."

ရှင်းရှင်းက သူ့အမေကို မျှော်လင့်ထားသော်လည်း သူလိုချင်သည့်အဖြေမရသဖြင့် Pufferfish လိုပင် နှုတ်ခမ်းကို စူပစ်လိုက်သည်။သူက ခုတင်ပေါ်တွင် လှဲအိပ်ပြီး စောင်ဆွဲခြုံကာ မျက်လုံးကိုသာ ဖော်ထားလိုက်ပြီး သူ့မာနကို ပြန်ဆည်လိုက်သည်။

"သားလည်း မေမေနဲ့ မအိပ်ချင်ပါဘူး..."

ချန်းဟွမ်က ဘာမှပြန်မပြောဘဲ ပခုံးတွန့်လိုက်မိသည်။

အမှန်အတိုင်းပြောရလျှင် ရှင်းရှင်းနှင့်အတူအိပ်ရသည်ကို သူမ စိတ်အနှောင့်အယှက်မဖြစ်ရသော်လည်း  ၅ နှစ် ၆နှစ်အရွယ် ကလေးတစ်ယောက်သည် လိင်ကိစ္စသဘောတရားကို စတင်သိရှိလာပြီး မိဘများက လက်လွတ်စပါယ် မနေသင့်ဟု ပြောထားသည့် ဆောင်းပါးတစ်ပုဒ်ကို လွန်ခဲ့သော ရက်အနည်းငယ်က ဖတ်လိုက်ရသည်။ထို့အပြင် ကလေးလေးများသည် စူးစမ်းချင်စိတ် ပြင်းပြကြပြီး တစ်ခါတစ်ရံ ပြဿနာများ ဖြစ်စေတတ်လေသည်။

ဥပမာအားဖြင့် သူမ နောက်ဆုံးအကြိမ် ရာသီလာသောအခါက အမှတ်မထင် အိပ်ရာခင်းများပေါ်တွင် သွေးများပေကျံသွားရသည်။ နောက်တစ်နေ့တွင် ရှင်းရှင်းက သွေးစွန်းကွက်ကို မြင်သောအခါ သူမကိို ဒဏ်ရာရှိမရှိ စိုးရိမ်တကြီး မေးမြန်းနေခဲ့သည်။သူမ ဘာပြောရမှန်းမသိဖြစ်သွားရပြီး သူမ နေမကောင်းမဖြစ်ဘဲ၊သေလည်မသေပါဟု အချိန်အတော်ကြာအောင် ပြောခဲ့ရလေသည်။ ထိုကဲ့သို့ မလိုလားအပ်သော ပြဿနာများကြောင့် ရှင်းရှင်းကို အိပ်ရာခွဲသိပ်သင့်သည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now