Chapter 232
Chapter 232February 13, 2023အဘိုး၏အိမ်မှထွက်လာပြီးနောက်
သားအဖသုံးယောက်သည် လမ်းကျဉ်းကလေးပေါ်တွင် အတူလမ်းလျှောက်ပြီး အိမ်ပြန်နေကြလေသည်။
ဤနေရာသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိလှပြီး တောတောင်ရေမြေများဖြင့် ဝန်းရံထားသည်။ အနီးနားတွင် စက်ရုံများမရှိသောကြောင့် ကောင်းကင်သည် ပြာလဲ့ကြည်လင်နေပေ၏။
ပေအနည်းငယ်အကွာတိုင်းတွင် လမ်းမီးတိုင်တစ်တိုင်စီ စိုက်ထူထားလျက်ရှိပြီး အလင်းရောင်သည် မှိန်ပျသော်လည်း လမ်းလျှောက်ရန်အတွက် လုံလောက်၏။
ချန်းဟွမ် ကျောက်စရစ်ခဲအနည်းငယ်ကို ခပ်သာသာကန်ထုတ်ပစ်ပြီး ကောင်းကင်မှ ကြယ်များကို မော့ကြည့်လိုက်သည်။ ထို့နောက် နံဘေးမှ အမျိုးသား၏လက်ကို
ပို၍တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး တစ်စုံတစ်ခုကိုစပြောလေသည်။
“ဒီမှာလေထုက အရမ်းကောင်းပြီး ကြယ်တွေက တခြားနေရာကထက် ပိုတောက်ပနေသလိုပဲနော် ”
"မင်းစိတ်တိုင်းကျရင် ကိုယ်တို့ ဒီကို ပြောင်းလာလို့ရတယ် "
ကျန်းမင်ယွမ်သည် သူ၏သားလေးအား လက်တစ်ဖက်တွင်ပွေ့ချီထားပြီး ကျန်တစ်ဖက်ဖြင့် ချစ်ရသူ၏လက်ကိုတွဲထားလေသည်။သူကအနာဂါတ်အစီအစဉ်များအကြောင်းကို တရစပ်ပြောလာတော့၏။
“ ဒီတောင်ပေါ်မှာ ရှုခင်းလည်းလှတယ်... လေကကလည်းသန့်တယ်... အိမ်နောက်ဖေးကနေ တောင်ပေါ်ကိုတက်တဲ့လမ်းရှိတယ်... တောင်ပေါ်ကို လွယ်လွယ်သွားလို့ရတယ် ..နောက်ဖေးကလည်း ကျယ်တယ်လေ...အဆောက်အဦးတောင် ထပ်ဆောက်လို့ရတယ်...မင်းက ပန်းတွေကြိုက်တယ်မလား...ဖန်လုံအိမ်လေးထပ်ထည့်လိုက်မယ်လေ အဘိုးရဲ့အိမ်လိုမျိုး... ဆောင်းရာသီမှာ ပန်းတွေပွင့်လာမယ်... အိမ်မွေးတိရိစ္ဆာန်လေးတွေလည်း မွေးကြမယ်....ဘယ်လိုလဲ...ကြက်တူရွေးကြိုက်လား...ကြောင်တွေ ခွေးတွေဆိုလည်း အဆင်ပြေတာပဲ... အားကစားခန်းမတော့ မလိုဘူး...ဒီမှာက အပြင်ထွက်ပြေးလို့ရတယ်... အဲ့လိုဆိုပေမဲ့လည်း ဘောလုံးကွင်းတော့ ဆောက်ကြတာပေါ့... ဒါမှ ရှင်းရှင်းကြီးလာရင် သုံးလို့ရမှာ "
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်