chapter 274

832 46 0
                                    

Chapter 274
Imperial MeowFebruary 16, 2023

Chapter 274



အတွေးလွန်မနေဖို့ ပြောလိုက်သော်လည်း ချန်းဟွမ် စပရိုက်စ် တစ်ခုခုများ ဖြစ်နေမလားဟု ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေခဲ့သည်။ သို့သော် ညစာစားပြီး စားသောက်ဆိုင်မှ ထွက်လာသည့်အထိ ဘာမှ ထူးခြားမလာပေ။





ချန်းဟွမ်  စိတ်ပျက်သွားမိပြီး ထိုင်ခုံခါးပတ်ကို ပတ်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။





"ဒါဆို ညစာစားဖို့ ဒီကိုလာတာလား…"





"ဟုတ်တယ်လေ…"





ကျန်းမင်ယွမ် က သူမခေါင်းကို ပွတ်သပ်ကာ ကားစက်နှိုးလိုက်သည်။  ချန်းဟွမ်သည် ကားမှန် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပြီး သူ့ကိုမေးလိုက်သည်။





"ကျွန်မတို့ အိမ်မပြန်ဘူးလား…"









"ကိုယ့်မှာ ဖျော်ဖြေပွဲ လက်မှတ်ရှိနေတယ်လေ… ကိုယ်တို့ ပွဲသွားကြည့်ရအောင်…"











"အိုး…"





ချန်းဟွမ် အံ့အားသင့်သွားရပြီး သူမ ၀တ်စုံကို ငုံ့ကြည့်လိုက်သည်။





"ဒီလို ဝတ်ထားတာ ကောင်းပါ့မလား…"





သူမသည် ယခင်က ဖျော်ဖြေပွဲကို တစ်ခါမှ မရောက်ဖူးသော်လည်း လှလှပပ ၀တ်ဆင်ရန် လိုအပ်သည်ဟု ထင်မိသည်။ ကျန်းမင်ယွမ် သည် မီးပွိုင့်တစ်ခုတွင် မီးနီပြနေသဖြင့် ကားကို ရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။





"ကိုယ်တော့ ကြည့်ရတာ အဆင်ပြေပါတယ်…"





ဖျော်ဖြေပွဲသည် မြို့ S ရှိ ပြဇာတ်ရုံကြီးတစ်ခုတွင် ကျင်းပမည် ဖြစ်ပြီး ရုံထဲသို့ လျှောက်သွားလိုက်ရာ လူအနည်းငယ်သာ ရှိနေကြသည်။ ကျန်းမင်ယွမ် က သူမကို ပြဇာတ်ရုံအလယ်ပိုင်းနားသို့ ခေါ်သွားလိုက်သည်။ခဏအကြာတွင် မီးများပိတ်သွားကာ သူတို့ရှေ့မှ ကန့်လန့်ကာကြီး ပွင့်လာပြီး သီချင်းသံ ပျံ့လွင့်လာကာ ခန်းမအတွင်းမှ လူများ ထွက်လာကြသည်။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now