Chapter 160
ကျန်းမင်ယွမ် ချက်ချင်းပင် သတိပြန်ကပ်သွားသည်။သူ့ခန္ဓာကိုယ်သည် ဦးနှောက်ထက် ပို၍မြန်ဆန်စွာ တုံ့ပြန်ပြီး ကင်မရာခလုတ်ကို ဖိထားပြီးသားဖြစ်၏။
ကျန်းမင်ယွမ်က ကင်မရာကိုချလိုက်ပြီးချန်းဟွမ်ကိုလှမ်းပြောသည်။သူ၏လေသံမှာ သဘာဝမကျပေ။
"ပြီးသွားပြီ...ကြည့်ချင်လား"
“အင်း” ချန်းဟွမ်က ပုံများကိုကြည့်ရန် မစောင့်နိုင်တော့ဘဲ ချက်ချင်းအပြေးလေးသွား၏။
ထို့နောက် ကင်မရာထဲမှ ပုံကိုခေါင်းငုံ့၍ကြည့်သည်။
ကျန်းမင်ယွမ်သည် သိသိသာသာပင် နေရခက်လာ၏။သူ၏တစ်ကိုယ်လုံးမှ ကြွက်သားများသည် တောင့်တင်းသွားသည်။ နှာဖျားကိုဖြတ်ဝင်လာသည့် သင်းပျံ့သောရနံ့က ကျန်းမင်ယွမ်အား ပူထူသွားစေ၏။
သူ ကင်မရာကို ချန်းဟွမ်ထံပြန်ထိုးပေးလိုက်ပြီး
သားရဲအလိုက်ခံနေရသည့်သူတစ်ဦးသဖွယ်
လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ကျန်းမင်ယွမ် တည်ငြိမ်မှုပျောက်ဆုံးသွားသည်ကို ချန်းဟွမ် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
သူမသည် ထူးဆန်းသလို ခံစားရပြီး အဝေးပြေးသွားသူ၏ကျောပြင်ကိုစိုက်ကြည့်နေမိသည်။
ထို့နောက် ချန်းဟွမ်က ခေါင်းငုံ့ပြီးရှင်းရှင်းကိုမေး၏။
"မင်းဖေဖေ ဘာဖြစ်နေတာလဲ"
ရှင်းရှင်းက ခေါင်းယမ်းသည်။သူ၏မျက်နှာထားက ခံစားချက် ဗလာဖြစ်နေသည်။
"သားလည်းမသိဘူး စောစောက အကောင်းကြီးပါ "
ရှင်းရှင်းက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးတွေးပြီး ကောက်ချက်ချလိုက်တော့သည်။
"ဖေဖေ ဗိုက်ဆာနေတာပဲဖြစ်ရမယ် "
"သားသား ဗိုက်ဆာနေပြီလို့ ဆိုလိုတာလား" ချန်းဟွမ်က ရှင်းရှင်း၏နှာခေါင်းလုံးလုံးကလေးကိုခပ်သာသာဆွဲညှစ်ပြီး သဘောတကျပြော၏။
ဗိုက်ဆာနေသော ရှင်းရှင်းက မျက်မှောင်ကြုတ်လျက် ချက်ချင်းပင်ဝန်ခံလိုက်သည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်