Chapter 193
သူမတို့နှစ်ယောက် မတွေ့ရသည်မှာ ရက်အတော်ကြာနေပြီး တစ်နေ့ လျှင် ပန်းတစ်စည်း ရသည်မှလွဲ၍ ချန်းဟွမ်နှင့် ကျန်းမင်ယွမ်တို့၏ ဆက်ဆံရေးမှာ သိပ်မထူးခြားလာပေ။
ယခု ကျန်းမင်ယွမ်သည် သူမရှေ့တွင် ရပ်နေသဖြင့် သူမ လျစ်လျူမရှုနိုင်တော့။ သူမရှေ့ရှိ လူငယ်မှာ ရှင်းရှင်း၏ အဖေမဟုတ်တော့ဘဲ သူမနှင့် လိုက်ဖက်သူတစ်ယောက်ဟုလည်း ယူဆမိလေသည်။ ထိုအတွေးသည် အခန်းထဲရှိ လေထုကို အေးစက်စေသလို နေရထိုင်ရလည်း ခက်ခဲစေသည်။ထို့ကြောင့် ယခု သူမ တစ်ကိုယ်လုံးအနည်းငယ် ဟန်ချက်ပျက်ချင်နေရလေသည်။
သူမဘယ်ဘက်လက်တွင် ကြက်ဥကြော်တစ်ချပ်ရှိပြီး ညာဘက်လက်နှင့် ဟင်းအမယ်များကို တူဖြင့်ထည့်နေလေသည်။ သူမက အတွေးများနေသဖြင့် အပေါ်မှထည့်ရမည့် ဟင်းအမယ်များက ကြက်ဥလိပ်ပြုလုပ်ရာတွင် လိုအပ်သည့်ပမာဏထက် ကျော်လွန်သွားကာ ကြမ်းပြင်ပေါ် တစ်ချို့တစ်ဝက် ပြုတ်ကျသွားလေသည်။
ထိုဟင်းအမယ်များ ချန်းဟွမ်၏ဖိနပ်ကို ထိမိသွားသောအခါမှ အတွေးများမှ ရုန်းထွက်နိုင်လာပြီး သတိပြန်ဝင်လာရကာ သူမကိုယ်သူမ အနည်းငယ် စိတ်ပျက်မိသွားရသည်။ ကျန်းမင်ယွမ် သည် ကြက်ဥလိပ်လုပ်ရန် အသေအချာ ကြက်ဥကြော်နေသဖြင့် သူမကြမ်းပြင်ကို သန့်ရှင်းရေးလုပ်နေမှန်း မသိလိုက်ပေ။
ယခု ချန်းဟွမ်တို့အိမ်မှာ ဟင်းချက်စရာလည်း များစွာ မရှိသဖြင့် ကြက်ဥ ၁၀ လုံးကျော်သာ သုံးမည်ဖြစ်သည်။ ကြော်ပြီးသွားသော ကြက်ဥများကို ချန်းဟွမ် က ပန်းကန်တစ်ခုထဲသို့ ထည့်ပြီး ခဏအကြာတွင် အစာသွပ်၍ ပြန်ကြော်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် ချန်းဟွမ်က ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ကာ အစာသွပ်ထားသည့် ကြက်ဥလိပ်များကို ဆီပူလာသောအခါ ထည့်လိုက်သည်။ ကြက်ဥလိပ်ကြော်သည့်အခါ အပူရှိန် မျှင်းမျှင်းနှင့် ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ရမည်ဖြစ်လေသည်။
ထို့နောက် ချန်းဟွမ်သည် ကြက်ဥလိပ်ပူပူများကို ပိရမစ်ကဲ့သို့ ပန်းကန်ထဲတွင် ထည့်ထားလိုက်ရာ တစ်ခုပိုနေလေသည်။ သူမက ကျန်းမင်ယွမ်ကို အပိုတစ်ခုအား စားချင်လားဟု မေးလိုက်သည်။ ကျန်းမင်ယွမ်သည် ထမင်း မစားမီ မီးဖိုချောင်ထဲတွင် ဟင်းမြည်းမကြည့်ဖူးပေ။သူက ငြင်းပယ်မည်ဟု တွေးလိုက်သော်လည်း အနည်းငယ်တုံ့ဆိုင်းနေကာ နောက်ဆုံးတွင် သဘောတူလိုက်သည်။
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်