(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.1K 89 2
                                    

Chapter 221
Chapter 221February 12, 2023

"မေမေ အိပ်နေတာ ကြာလှပြီ...ဖေဖေနဲ့သားတောင် နေ့လည်စာစားပြီးသွားပြီ "  ရှင်းရှင်းက ချန်းဟွမ်ဆီသို့ပြေးလာပြီးပြောသည်။ထို့နောက် ကလေးလေးက ချန်းဟွမ်အား စက္ကူပုံးကို ကမ်းပေးလိုက်၏။

"ဗိုက်ဆာနေပြီလား မေမေ... ကိတ်မုန့်တစ်ခုစားလိုက်လေ "

ချန်းဟွမ်သည် လောလောလတ်လတ်ပင် နိုးလာပြီး ဗိုက်မဆာသေးချေ။ကိတ်မုန့်အားအကြိုက်မတွေ့သော‌ ချန်းဟွမ်က ချက်ချင်းပင်ငြင်းပယ်လိုက်လေသည်။

  “မေမေမစားဝောာ့ဘူး ရှင်းရှင်းပဲ စားလိုက်နော် "

ရှင်းရှင်းက ကိတ်မုန့်ကို ဝမ်းသာအားရပြန်ယူထားလိုက်သည်။ထို့နောက် ကလေးလေးက ချန်းဟွမ်အား ရင်ကော့ခေါင်းမော့လျက်ပြောတော့သည်။

“ဘာစားချင်လဲ မေမေ.... ဖေဖေဝယ်ပေးလိမ့်မယ်"

"ဟုတ်ပြီ သားက သွားကစားတော့...ဖေဖေနဲ့ မေမေ စကားပြောဖို့ လိုတယ်" 

ကျန်းမင်ယွမ်က ရှင်းရှင်း၏ခေါင်းကို ခပ်သာသာပွတ်ပြီး စကားဖြတ်ပြောလေ၏။

ထိုအခါ ချန်းဟွမ်က အနည်းငယ် ရှက်သွားတော့သည်။

" ဖေဖေတို့က ဘာအကြောင်းတွေ ပြောမလို့လဲ"

ကျန်းမင်ယွမ်က ရှက်သွေးဖြာနေသောချန်းဟွမ်ကိုတစ်ချက်ကြည့်ပြီး ပြန်ဖြေလေ၏။

"ကလေးတွေ စိတ်ပူစရာကိစ္စမဟုတ်ပါဘူး"

"ဘာလို့လဲ "

ရှင်းရှင်းသည် မိဘများကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး နောက်ဆုံးတွင် အတွေ့အကြုံရှိသူတစ်ဦးကဲ့သို့ သက်ပြင်းချလိုက်တော့သည်။ထို့နောက် ရှင်းရှင်းက ဆက်ပြောလေ၏။

  "အင်းပါ....ဖေဖေတို့လူကြီးတွေက အမြဲတမ်းပြောစရာတွေများနေတာပဲ"

ကလေးလေးသည် ခြေထောက်သေးသေးကလေးများဖြင့် အဆင့်ဆင့်လှမ်းကာ အခင်းနေရာမှ ထွက်ခွာသွားတော့သည်။

ကြားလူပျောက်ကွယ်သွားသောအခါ ကျန်းမင်ယွမ်၏ ထိုးဖောက်ဝင်ရောက်မှုက အားကောင်းလာ၏။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now