chapter 254

916 56 2
                                    

Chapter 254
Imperial MeowFebruary 16, 2023

Chapter 254





ချီရှန်း လေယာဉ်ပေါ်က ဆင်းလာသည်နှင့် ပထမဆုံး ထိုသတင်းများကို မြင်လိုက်ရသည်။ သူ့မျက်နှာမှာ အရောင်ပြောင်းသွားရပြီး ကျန်းမင်ယွမ် အနား အမြန်လျှောက်လာကာ သူ့ကို တိုး‌တိုးလေး ပြောလိုက်သည်။ ချန်းဟွမ်သည် ကျန်းမင်ယွမ် မျက်နှာပျက်သွားသည်ကို သတိပြုလိုက်မိပြီး မေးလိုက်သည်။





"ဘာဖြစ်နေတာလဲ…"





"ဘာမှမဟုတ်ပါဘူး…"





ကျန်းမင်ယွမ် က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။





"ကိုယ့်ဖုန်း ပျက်သွားလို့ မင်းရဲ့ ဖုန်းကို ကိူယ် ခဏသုံးလို့ရမလား…"





"ဪ ရပါတယ်…"





ချန်းဟွမ် က သူမဖုန်းကို လော့ခ်ဖွင့်‌ပေးလိုက်ပြီး သူ့အား ပေးလိုက်သည်။





ကျန်းမင်ယွမ်က သူမဖုန်းကို သူ့အိတ်ကပ်ထဲ ထည့်လိုက်သော်လည်း ချန်းဟွမ် စိတ်အနှောင့်အယှက် မဖြစ်သွားပေ။ သူမကလည်း ဖုန်းမကိုင်ရလျှင် မနေနိုင်သူမဟုတ်။





၁၀ နာရီကျော် လေယာဉ်စီးလာရသဖြင့်  လူတိုင်း ဗိုက်ဆာနေကြသည်။ ကျန်းမင်ယွမ်က အပြင််ထွက်စားဖို့ ကြံထားသော်လည်း သူ စိတ်ပြောင်းသွားရသည်။





"မင်းချက်တဲ့ ဟင်းတွေကို ကိုယ် အရမ်း လွမ်းတယ်…"





"ရှင် ဘာစားချင်လဲ…"





သူက ဟင်းအချို့ကို ပြောပြလိုက်ရာ ချက်ပြုတ်ရန် မခက်ခဲသည့်ဟင်းများဖြစ်ကြောင်း ချန်းဟွမ် သိလိုက်သည်။   သူမက ခေါင်းညိတ်ပြလိုက်ပြီး လိုအပ်သည့် ပစ္စည်းများဝယ်ရန် ကားထဲက ဆင်းလိုက်သည်။





အိမ်ပြန်ရောက်သည်နှင့် နှစ်ယောက်သား အတူတူ နေ့လည်စာ ချက်လိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားရသည်။





နေ့လယ်စာစားပြီးနောက် ကျန်းမင်ယွမ် က အလုပ်ကိစ္စ ရှိသဖြင့် ရုံးသို့ သွားရန် သူ့အဝတ်အစားများကို ချွတ်နေရင်း ချန်းဟွမ်ကို မေးလိုက်သည်။





(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now